ပေကျင်းမြို့၌ အပူချိန်အလွန်အမင်းမြင့်တက်နေ

ပေကျင်းမြို့၌ အပူချိန်အလွန်အမင်းမြင့်တက်နေ

တရုတ်နိုင်ငံ၏မြို့တော်ဖြစ်သော ပေကျင်းမြို့၌ အပူချိန်ကအလွန်အမင်း မြင့်တက်နေကြောင်းနှင့်   ဇွန် ၂၂ ရက်တွင်  ၄၀ ဒီဂရီစင်တီဂရိတ် အထက်ရှိကြောင်း သိရသည်။

ယခုကဲ့သို့  အပူချိန်မြင့်တက်မှုသည် ၂၀၁၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ကြောင်းနှင့် ပြီးခဲ့သည့် သီတင်းပတ်တွင် နိုင်ငံမြောက်ပိုင်းတစ်ဝန်း  အပူလှိုင်းများ ဖြတ်သန်းမှုအတွက်   သတိပေးချက်များ ထုတ်ပြန်ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် ပေကျင်းမြို့ပြင်ရှိ မိုးလေဝသစခန်းတစ်ခုမှ တိုင်းထွာချက်အရ   အပူချိန်မှာ ၄၀ ဒသမ ၁ ဒီဂရီစင်တီဂရိတ်အထိ ရှိနေကြောင်း တွေ့ရသည်။

ဇွန် ၂၂ ရက်  နံနက်အစောပိုင်းတွင် တာဝန်ရှိသူများက   မြို့တော်၌အပူချိန်မြင့်တက်နိုင်မှုအတွက် လိမ္မော်ရောင်အဆင့် သတိပေးချက်နှင့် ဇွန် ၂၄ ရက်အထိ အပူချိန်ဆက်လက်မြင့်တက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် ပေကျင်း၊ တီယန်ကျင်း၊ ဟီဘေးနှင့် ရှန်းတုံဒေသတို့မှာ အပူလှိုင်း ဖြတ်သန်းမှုဒဏ်ကို ခံစားခဲ့ရကာ တာဝန်ရှိသူများအနေဖြင့် ကောက်ပဲသီးနှံများ ပျက်စီးမှုမရှိစေရေး၊ ခရီးသွားများ ဘေးကင်းလုံခြုံမှု ရှိစေရေးတို့အတွက်  လုပ်ဆောင်သင့်သည်များကို  တိုးမြှင့်လုပ်ဆောင်ကာ နေ့အပူချိန်   ပြင်းထန်သည့် အချိန်များ၌ ပြည်သူများ   အိမ်အပြင်မထွက်စေရေး သတိပေးနှိုးဆော်မှုများ လုပ်ခဲ့ရကြောင်း သိရသည်။

Ref: Bangkok Post