အမေရိကန်က ဓာတ်ခွဲခန်းထုတ်ကြက်သားများကို ရောင်းချခွင့်ပြု

အမေရိကန်က ဓာတ်ခွဲခန်းထုတ်ကြက်သားများကို ရောင်းချခွင့်ပြု

အမေရိကန် တာဝန်ရှိသူများက ဓာတ်ခွဲခန်းထုတ်ကြက်သားများကို ရောင်းချရန် ကုမ္ပဏီနှစ်ခုကို ခွင့်ပြုချက် ပေးလိုက်ကြောင်း သိရသည်။

အဆိုပါကြက်သားများသည်    ကြက်အစစ်၏ကလာပ်စည်းများမှ    တိုက်ရိုက်ထုတ်လုပ်ထားခြင်းဖြစ်ပြီး ယခုအခါ စားသုံးသူများအနေဖြင့် ဓာတ်ခွဲခန်းထုတ်ကြက်သားများကို စားသုံးခွင့်ရရှိပြီဖြစ်သည်။

အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာနက စားသောက်ကုန်ဘေးကင်းမှုစနစ်များကို စစ်ဆေးသုံးသပ်ပြီးနောက် ယခုကဲ့သို့ ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။

Upside Foods နှင့် Good Meat အမည်ရှိကုမ္ပဏီများက  ထုတ်လုပ်သော ကြက်သားများသည် အမေရိကန်အစား အစာနှင့်ဆေးဝါးကွပ်ကဲမှုအဖွဲ့၏ ထောက်ခံချက်ကို    ပြီးခဲ့သည့်နှစ်  နိုဝင်ဘာလကတည်းက ရရှိခဲ့ခြင်း ဖြစ်သည်။

တည်ထောင်ခါစကုမ္ပဏီအများအပြားသည် ဓာတ်ခွဲခန်းတွင်ဖန်တီးသည့် အသားများကို ထုတ်လုပ်ရန် ကြိုးပမ်းလာလျက်ရှိသည်။

အဆိုပါနည်းလမ်းသည် မွေးမြူရေးလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှု မရှိစေသည့်အပြင်   မည်သည့် တိရစ္ဆာန်ကိုမျှ နှိပ်စက်ခြင်းမရှိဘဲ  လူများအနေဖြင့်  တိရစ္ဆာန်မှ  ပရိုတင်းဓာတ်ကို စားသုံးနိုင်စေမည် ဖြစ်ကြောင်း သိရသည်။

Ref: Bangkok Post