မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ မြစ်ကြီးနားတပ်နယ်ရှိ တပ်မတော်သားမိသားစုဝင် အသက် ၂ လမှ ၂ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်တို့အား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ မြစ်ကြီးနားတပ်နယ်ရှိ တပ်မတော်သားမိသားစုဝင် အသက် လမှ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်တို့အား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

နေပြည်တော်၊ ဇွန် - ၂၇

      မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြစ်ကြီးနားတပ်နယ်ရှိ တပ်မတော်သား မိသားစုဝင် အသက် ၂ လမှ ၂ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အားကစား ခန်းမ၌ပြုလုပ်ရာ  နယ်မြေခံ တပ်မတော်ဆေးရုံမှ ပါရဂူများ၊ ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှ ဆရာဝန်များနှင့် သူနာပြုများက တပ်ရင်း၊ တပ်ဖွဲ့များရှိ ကလေးငယ် ၇၂ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် ၁ ဦးတို့ကို  ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး၊ ဝက်သက်၊ ဂျိုက်သိုးနှင့် ဂျပန်ဦးနှောက် အမြှေးရောင်ငါးမျိုးစပ် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးကြသည်။

     ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်တို့အတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။