ဆော်ဒီထိပ်တန်းကလပ် အယ်ဟီလယ်အသင်းက နည်းပြ အယ်လီဂရီနီကို မြင့်မားသည့် လုပ်ခလစာဖြင့် ကမ်းလှမ်းသော်လည်း ၎င်းကိုယ်တိုင်က ပယ်ချခဲ့

ဆော်ဒီထိပ်တန်းကလပ် အယ်ဟီလယ်အသင်းက နည်းပြ အယ်လီဂရီနီကို မြင့်မားသည့် လုပ်ခလစာဖြင့် ကမ်းလှမ်းသော်လည်း ၎င်းကိုယ်တိုင်က ပယ်ချခဲ့

    ဆော်ဒီထိပ်တန်းကလပ် အသင်းတစ်သင်းဖြစ်သည့် အယ်ဟီလယ်အသင်းက နည်းပြအယ်လီဂရီနီကို  မြင့်မားသည့်လုပ်ခလစာဖြင့်  ကမ်းလှမ်းခဲ့သော်လည်း နည်းပြအယ်လီဂရီနီ ကိုယ်တိုင်က ပယ်ချခဲ့ပြီး ဂျူဗင်တပ်စ် အသင်းကိုသာ   ဆက်လက်နည်းပြရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အယ်ဟီလယ်အသင်းသည် ပြိုင်ဘက် အသင်းများက ဥရောပမှ ထိပ်တန်းကစားသမားများကို ခေါ်ယူပြီး အသင်းပုံရိပ်များကို မြှင့်တင်နေသည့် အတွက် ၎င်းင်းတို့ကလည်း မက်ဆီကို ကမ္ဘာ့စံချိန်တင် လုပ်ခလစာဖြင့်  ခေါ်ယူရန်  ကမ်းလှမ်းသော်လည်း မအောင်မြင်သည့်အတွက်   ပြီးခဲ့သည့်ရက်ပိုင်းက ချယ်လ်ဆီးအသင်းမှ ခံစစ်ကစားသမား ကူလီဘာလေ ကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။

အယ်ဟီလယ် အသင်းသည် ဥရောပမှ ထိပ်တန်း ကစားသမားများအပြင် ထိပ်တန်းနည်းပြတစ်ဦး ဖြစ်သည့်  နည်းပြအယ်လီဂရီနီကိုလည်း  မြင့်မားသည့် လုပ်ခလစာဖြင့်ခန့်အပ်ရန် ကမ်းလှမ်းခဲ့သော်လည်း  နည်းပြအယ်လီဂရီနီ ကိုယ်တိုင်က ပယ်ချခဲ့ပြီး ဂျူဗင် တပ်စ်အသင်းနှင့်သာ ဆက်လက်လက်တွဲရန် ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။

အယ်ဟီလယ်အသင်းသည် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီက ဆော်ဒီပရိုလိဂ်ပြိုင်ပွဲတွင် ချန်ပီယံ ဆုဆွတ်ခူးနိုင်ခဲ့သော်လည်း ၂၀၂၂-၂၀၂၃ ဘောလုံးရာသီတွင် အဆင့်  (၃) နေရာ၌သာ ရပ်တည်နိုင်ပြီး ချန်ပီယံဆု လက်လွှတ်ခဲ့ရသည့်အတွက်   လာမည့် ဘောလုံးရာသီတွင်  ချန်ပီယံဆုအတွက်  ပြန်လည် စိန်ခေါ်ရန် ထိပ်တန်းနည်းပြ တစ်ဦးကို ခန့်အပ်လိုနေ ခြင်းဖြစ်သည်။

ယခုအခါ နည်းပြအယ်လီဂရီနီက ငြင်းပယ်ခဲ့ သည့်အတွက် နောက်ထပ် ဥရောပမှ ထိပ်တန်းနည်းပြ တစ်ဦးကို  ခေါ်ယူရန် ကြိုးပမ်းနေကြောင်း  သိရသည်။