တပ်မတော်ဆေးရုံများနှင့် နယ်မြေခံဆေးတပ်ရင်းတို့၌ တက်ရောက်ဆေးကုသမှုခံယူ နေသူများအား သွားရောက်ကြည့်ရှုအားပေး

တပ်မတော်ဆေးရုံများနှင့် နယ်မြေခံဆေးတပ်ရင်းတို့၌ တက်ရောက်ဆေးကုသမှုခံယူ နေသူများအား သွားရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ ဇွန် - ၃၀

    ရန်ကုန် တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကု ဆေးရုံကြီး (ခုတင်- ၅၀၀)နှင့် တပ်မတော်ဆေးရုံကြီး(ခုတင်- ၁၀၀၀)၊ ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူ မြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက် ဆေးကုသမှု ခံယူနေသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှု၊ ကျန်းမာရေး တိုးတက်ကောင်းမွန်မှု အခြေအနေများအား ရင်းရင်းနှီးနှီး လိုက်လံ မေးမြန်းအားပေး စကားပြောကြားပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများပေးအပ်သည်။

        ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။