အနောက်နိုင်ငံများက ရုရှား-ယူကရိန်း ပဋိပက္ခမဖြစ်ပွားမီ ကတည်းက ယူကရိန်းစစ်ရေး တိုးတက်စေရန် အကူအညီပေးခဲ့ဟု ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးပြော

အနောက်နိုင်ငံများက ရုရှား-ယူကရိန်း ပဋိပက္ခမဖြစ်ပွားမီ ကတည်းက ယူကရိန်းစစ်ရေး တိုးတက်စေရန် အကူအညီပေးခဲ့ဟု ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးပြော

    အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံ တို့အပါအဝင်  အနောက်နိုင်ငံများသည် ရုရှား-ယူကရိန်း ပဋိပက္ခမဖြစ်ပွားမီ အချိန်ကတည်းက  ယူကရိန်းနိုင်ငံ၏ စစ်ရေး စွမ်းအား တိုးတက်စေရန်အတွက် အကူအညီ ပေးလျက်ရှိကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘန်ဝေါလေ့စ်က ဇူလိုင် ၁၂ ရက် တွင် ဝန်ခံပြောကြားလိုက်သည်။

အမေရိကန်၊   ဗြိတိန်၊   ကနေဒါနှင့် ဆွီဒင်နိုင်ငံတို့သည် ရုရုားနိုင်ငံက ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလတွင် အထူးစစ်ဆင်ရေး မစတင်မီကတည်းကယူကရိန်းနိုင်ငံ၏ စစ်ရေးစွမ်းအား တည်ဆောက်မှုတွင် ရင်းနှီးမြှုပ်နှံခဲ့ကြောင်း ဘန်ဝေါလေ့စ်က ဗီနီးယက်မြို့တွင်ကျင်းပသည့် နေတိုးတပ်ဖွဲ့၏ ထိပ်သီး ဆွေးနွေးပွဲအတွင်း သတင်းစာရှင်းလင်ပွဲတစ်ခု၌ ပြောကြားခြင်းဖြစ်သည်။

ယူကရိန်းအစိုးရသည် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အတွင်း ဒွန်ဘက်စ်အရေးနှင့် စပ်လျဉ်း၍  နိုင်ငံရေးအရ ဖြေရှင်းနိုင်ရေးအတွက် ရုရှားနှင့် ဥရောပအင်အားကြီး နိုင်ငံများဖြစ်သည့် ပြင်သစ်၊ ဂျာမနီတို့နှင့် စေ့စပ်ဆွေးနွေးခဲ့သည်။ ထို့ပြင် ယူကရိန်း အစိုးရအနေဖြင့် ယူကရိန်း၊ ရုရှားနှင့် အင်အားကြီးနိုင်ငံများကြား ချမှတ်ခဲ့သည့် မင့်စ်သဘောတူညီချက်ကို ယူကရိန်းအစိုးရ အနေဖြင့် မည်သည့်အခါမျှ လိုက်နာမည် မဟုတ်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လန်းစကီးက ဂျာမနီဝန်ကြီးချုပ်ဟောင်း အိန်ဂျဲလာမာကယ်နှင့် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်တို့အား  ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ဝန်ခံပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါ မင့်စ်သဘောတူညီချက်သည် ယူကရိန်းနိုင်ငံအား ရေကုန်ရေခန်း တိုက်ခိုက်သည့် စစ်ပွဲတစ်ပွဲမစတင်မီ စစ်ရေးအရ ပြင်ဆင်နိုင်ရန်နှင့် အင်အားဖြည့်တင်းနိုင်ရန်အတွက် ချမှတ်ခဲ့သော သဘောတူညီချက် တစ်ရပ်သာဖြစ်ကြောင်း ဂျာမနီ ဝန်ကြီးချုပ်ဟောင်း အိန်ဂျဲလာမာကယ်က ပြောကြားခဲ့ကြောင်း သိရသည်။