သြစတြေးလျအမျိုးသမီး အသင်းနှင့် ပြင်သစ်အမျိုးသမီး အသင်းတို့ ကစားသည့် ခြေစမ်းပွဲကို ပရိသတ်ဦးရေ ၅၀၀၀၀ ကျော် စံချိန်တင် ဝင်ရောက်ကြည့်ရှု

သြစတြေးလျအမျိုးသမီး အသင်းနှင့် ပြင်သစ်အမျိုးသမီး အသင်းတို့ ကစားသည့် ခြေစမ်းပွဲကို ပရိသတ်ဦးရေ ၅၀၀၀၀ ကျော် စံချိန်တင် ဝင်ရောက်ကြည့်ရှု

    နိုင်ငံတကာအမျိုးသမီး ခြေစမ်းပွဲအဖြစ် ဇူလိုင် ၁၄  ရက်က ကစားသည့် သြစတြေးလျ အမျိုးသမီးအသင်းနှင့် ပြင်သစ်အမျိုးသမီး အသင်းတို့၏ ခြေစမ်းပွဲကို ပရိသတ်ဦးရေ  ၅၀၀၀၀  ကျော် စံချိန်တင် ဝင်ရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါပွဲ၌  အိမ်ရှင် သြစတြေးလျအမျိုးသမီး အသင်းက  ပွဲကစားချိန်  ၆၆  မိနစ်တွင် သွင်းယူသည့် ဖလားဝါး၏  တစ်လုံးတည်းသော သွင်းဂိုးဖြင့်  အိမ်ရှင် ပရိသတ်များရှေ့၌    ပြင်သစ်အမျိုးသမီး အသင်းကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

သြစတြေးလျ အမျိုးသမီးအသင်းနှင့်    ပြင်သစ်အမျိုးသမီး အသင်းတို့သည် လာမည့် အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့်  ခြေစမ်းပွဲကို သြစတြေးလျနိုင်ငံ လက်စ်ဘလူးမြို့ရှိ  မာဗယ်အရီနာ အားကစားကွင်း၌ ကစားခဲ့ကြခြင်းဖြစ်ပြီး ပရိသတ်ဦးရေ ၅၀၀၀၀ ကျော် ဝင်ရောက်ကြည့်ရှုခဲ့ကာ  အမျိုးသမီး ဘောလုံးပွဲများတွင်  ပရိသတ်ဝင်ရောက် ကြည့်ရှုမှုအများဆုံး ပွဲစဉ်အဖြစ်  မှတ်တမ်းဝင်ခဲ့သည်။

သြစတြေးလျ အမျိုးသမီးအသင်းနှင့် ပြင်သစ်အမျိုးသမီး အသင်းတို့သည်  လာမည့်ရက်သတ္တပတ် အတွင်း ကျင်းပမည့် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် ရရှိ ထားသည့် အသင်းများဖြစ်ပြီး ပြိုင်ပွဲမတိုင်မီ  နောက်ဆုံး ခြေစမ်းပွဲအဖြစ်   ကစားခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။