မြိတ်တက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မြိတ်တက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

    မြိတ်တက္ကသိုလ်၌    ကျောင်းသား၊ ကျောင်းသူများ    ကျန်းမာကြံ့ခိုင်စေရေး၊ အားကစားကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေးနှင့် မျိုးဆက်သစ် ကြက်တောင်ရိုက်အားကစားသမားများ    မွေးထုတ်ပေးနိုင်စေရေး ကျင်းပလျက်ရှိသော ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက် ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ဇူလိုင် ၁၄ ရက်က အဆိုပါတက္ကသိုလ် အားကစားခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဗိုလ်လုပွဲတွင် အမျိုးသား၊ အမျိုးသမီးအသင်းလိုက် ဗိုလ်လုပွဲ၊ အမျိုးသား၊ အမျိုးသမီး အလွတ်တန်းတစ်ဦးချင်း ပြိုင်ပွဲနှင့် နှစ်ယောက်တွဲပြိုင်ပွဲများကို ယှဉ် ပြိုင်ကြရာ အမျိုးသားအသင်းလိုက် ဗိုလ်လုပွဲတွင် ဘူမိဗေဒအသင်းက ပထဝီအသင်း ကို ၃ ပွဲ- ၂ ပွဲဖြင့် လည်းကောင်း၊ အမျိုးသမီးအသင်းလိုက ်ဗိုလ်လုပွဲတွင် အင်္ဂလိပ် စာအသင်းက မြန်မာစာအသင်းကို ၃ ပွဲ-၁ ပွဲဖြင့် လည်းကောင်း အနိုင်ရရှိသည်။

ပြိုင်ပွဲများအပြီးတွင်   ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ  ပြိုင်ပွဲတစ်လျှောက် တာဝန်ယူဆောင်ရွက်ပေးကြသည့်   ဒိုင်လူကြီးများအား အမှတ်တရဂုဏ်ပြု လက်ဆောင်၊ အမျိုးသား၊ အမျိုးသမီးအသင်းလိုက် ပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီးအလွတ်တန်း တစ်ဦးချင်းပြိုင်ပွဲနှင့် နှစ်ယောက်တွဲပြိုင်ပွဲ များတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိ ကြသော အားကစားသမားများကို တာဝန် ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့် သည်။

ထို့နောက် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး အမျိုးသား အားကစားသမားဆုနှင့် အကောင်းဆုံး အမျိုးသမီးအားကစား သမားဆုတို့ကို ဒုတိယပါမောက္ခချုပ် ဒေါက်တာ စိုးမိုးလွင်က ပေးအပ်ချီးမြှင့်ပြီး အမျိုးသား၊ အမျိုးသမီး အသင်းလိုက် ပြိုင်ပွဲတွင် ပထမဆုရရှိကြသော အသင်းတို့ကို မြိတ်တက္ကသိုလ်  အားကစားနှင့် ကာယပညာ ကော်မတီနာယက  ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက တံခွန်စိုက်ဆု ပေးအပ်ချီးမြှင့်သည်။  

အဆိုပါပြိုင်ပွဲကို ဘာသာရပ်ပေါင်းစုံမှ    ပြိုင်ပွဲဝင်အသင်းရှစ်သင်း  ပြိုင်ပွဲဝင် အားကစားသမား ၁၅၀ ကျော် ပါဝင်ယှဉ်ပြိုင်ကာ ပြိုင်ပွဲကို ဇူလိုင် ၁၀ ရက်မှ ၁၄ ရက်အထိ ကျင်းပကြောင်း သိရသည်။