တိုက်စစ်ကစားသမား အမ်ဘတ်ပီအနေဖြင့် ပီအက်စ်ဂျီအသင်းနှင့် ပြန်လည်ပူးပေါင်းခဲ့သော်လည်း အနာဂတ်အတွက် ယခုရက်သတ္တပတ်အတွင်း ဆုံးဖြတ်မည်

တိုက်စစ်ကစားသမား အမ်ဘတ်ပီအနေဖြင့် ပီအက်စ်ဂျီအသင်းနှင့် ပြန်လည်ပူးပေါင်းခဲ့သော်လည်း အနာဂတ်အတွက် ယခုရက်သတ္တပတ်အတွင်း ဆုံးဖြတ်မည်

ပီအက်စ်ဂျီအသင်း   အဓိကတိုက်စစ်ကစားသမား အမ်ဘတ်ပီသည်     ရာသီသစ်မတိုင်မီ  စခန်းသွင်း    လေ့ကျင့်မှုများစတင်ခဲ့သည့်   အသင်းနှင့်   ပြန်လည် ပူးပေါင်းခဲ့သော်လည်း အနာဂတ်အတွက်  ယခုရက် သတ္တပတ်အတွင်း ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

အမ်ဘတ်ပီနှင့်     ပီအက်စ်ဂျီအသင်းတို့စာချုပ် သက်တမ်းမှာ  တစ်နှစ်သာကျန်ရှိတော့ပြီး  ပီအက်စ်ဂျီ အသင်းက  သက်တမ်းတိုးစာချုပ်   ချုပ်ဆိုလိုသော်လည်း  အမ်ဘတ်ပီက  သက်တမ်းတိုးစာချုပ်ချုပ်ဆို တော့မည်မဟုတ်ဘဲ   စာချုပ်သက်တမ်းကုန်ဆုံးပါက အသင်းမှထွက်ခွာမည်ဟု ပြောကြားထားခြင်း ဖြစ်သည်။

ပီအက်စ်ဂျီအသင်းကလည်း သက်တမ်းတိုးစာချုပ်ကို ငြင်းဆန်ခဲ့ပြီး အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာ မည့်   အမ်ဘတ်ပီ၏လုပ်ရပ်ကို   ဒေါသထွက်ခဲ့သည့်အတွက်    သက်တမ်းတိုးစာချုပ်  ချုပ်ဆိုခြင်းမရှိပါက လက်ရှိ     ကစားသမား အပြောင်းအရွှေ့ကာလတွင် ရောင်းချမည်ဟု    အတည်ပြုကြေညာထားခြင်းဖြစ်သည်။

လက်ရှိတွင် အမ်ဘတ်ပီသည် အသင်းနှင့်ပြန်လည် ပူးပေါင်းပြီး စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်နေသော် လည်း ပီအက်စ်ဂျီအသင်းနှင့် ဆက်ဆံရေးမှာ တင်းမာ နေဆဲအခြေအနေတွင်သာရှိနေ၍ ပီအက်စ်ဂျီအသင်း ဥက္ကဋ္ဌ အယ်လ်လိုင်ဖီကိုယ်တိုင်က ယခုရက်သတ္တပတ် အတွင်း အနာဂတ်အတွက် ဆုံးဖြတ်ရန်ပြောကြားထား ကြောင်း သိရသည်။ 

Ref;The Athletic