တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ဖြင့်စိုက်ပျိုးသည့် မိုးစပါးစိုက်ခင်းစံကွက်ရိတ်သိမ်း

မယ်စဲ့၊ စိုက်ပျိုးရေး

ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder)ဖြင့် ရွှေရင်အေးမျိုး မိုးစပါး ၃ ဧကစိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းကို နိုဝင်ဘာ၇ ရက်တွင် နမ့်မန်း ကျေးရွာ တောင်သူဦးညေးဒူ၏ ကွင်းအမှတ်(၄) ဦးပိုင် ၃၈ ၌ ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးထားသည့် မိုးစပါး စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ   ဝန်ထမ်းများနှင့် တောင်သူများ တက်ရောက်ကြ၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တိုက်ရိုက်မျိုးစေ့ချ ကိရိယာဖြင့် စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေးဆွေးနွေးပြီး စံကွက်ရိတ်သိမ်းရာ ရွှေရင် အေးမျိုး စပါးတစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်းမှာ ၉၃ တင်းထွက်ရှိကြောင်း သိရသည်။

ဝတ်ရည်