အမေရိကန်နိုင်ငံ၌ ရာသီကြိုခြေစမ်းပွဲ ခရီးစဉ်အဖြစ် ရောက်ရှိနေသည့် မန်ယူအသင်းထံ ဂိုးသမားသစ် အိုနာနာ သွားရောက်ပူးပေါင်း

အမေရိကန်နိုင်ငံ၌ ရာသီကြိုခြေစမ်းပွဲ ခရီးစဉ်အဖြစ် ရောက်ရှိနေသည့် မန်ယူအသင်းထံ ဂိုးသမားသစ် အိုနာနာ သွားရောက်ပူးပေါင်း

    အင်တာမီလန်အသင်းဂိုးသမား အိုနာနာသည် မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားရန် အပြီးသတ် သဘောတူညီမှုရရှိပြီးနောက်  အမေရိကန်နိုင်ငံ၌  ရာသီကြို ခြေစမ်းပွဲခရီးစဉ်အဖြစ် ရောက်ရှိနေသည့် မန်ယူအသင်းထံ သွားရောက် ပူးပေါင်းခဲ့ကြောင်း သိရသည်။

မန်ယူအသင်းက  ဂိုးသမား  ဒီဂီယာနှင့် လမ်းခွဲပြီးနောက် အိုနာနာနှင့် အစားထိုးရန် အစောပိုင်းကတည်းက ကြိုးပမ်းခဲ့ရာ ယခုအခါ အင်တာမီလန် အသင်းနှင့်လည်း သဘောတူညီမှုရရှိပြီး ဆေးစစ်မှုများပြုလုပ်ပြီးနောက် မန်ယူအသင်းနှင့် ပူးပေါင်းရန် အမေရိကန်နိုင်ငံသို့ ထွက်ခွာခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းနည်းပြ တန်ဟတ်နှင့် ဂိုးသမား အိုနာနာတို့သည် အေဂျက်ဇ်အသင်း၌လည်း လက်တွဲခဲ့ဖူးသူများ ဖြစ်သည့်အတွက် နည်းပြတန်ဟတ်က အိုနာနာကို ဦးစားပေးခေါ်ယူရန် ကြိုးပမ်းရာမှ ယခုအခါ အင်တာမီလန်အသင်းနှင့် ပြောင်းရွှေ့ကြေး ယူရို ၅၁ သန်းအပြင်  အပိုဆုကြေး  ယူရို  လေးသန်း  စုစုပေါင်း ယူရို ၅၅ သန်းဖြင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုကာ ခေါ်ယူူခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံ၌ ရာသီကြိုခြေစမ်းပွဲ ခရီးစဉ်အဖြစ် ရောက်ရှိနေသည့် မန်ယူအသင်းသည် လိဒ်အသင်း၊လိုင်ယွန်အသင်းတို့နှင့် ခြေစမ်းပွဲနှစ်ပွဲကစားရာ နှစ်ပွဲစလုံး အနိုင်ရရှိထားပြီး တတိယမြောက်ခြေစမ်းပွဲအဖြစ် အာဆင်နယ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း  သိရသည်။