၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ချန်ပီယံဆုအတွက် ရေပန်းစားမှု စာရင်းတွင် အမေရိကန် အမျိုးသမီးအသင်း ထိပ်ဆုံး၌ ရပ်တည်နေ

၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ချန်ပီယံဆုအတွက် ရေပန်းစားမှု စာရင်းတွင် အမေရိကန် အမျိုးသမီးအသင်း ထိပ်ဆုံး၌ ရပ်တည်နေ

    ၂၀၂၃  အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ  ကျင်းပလျက်ရှိရာ ချန်ပီယံဆုအတွက် ရေပန်းစားမှုစာရင်းတွင် အမေရိကန်အမျိုးသမီး အသင်းက ထိပ်ဆုံး၌ ရပ်တည်နေကြောင်း သိရသည်။

၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ဇူလိုင် ၂၀ ရက်မှ သြဂုတ် ၂၀ ရက်အထိ နယူးဇီလန်နိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေပြီး အမေရိကန်အမျိုးသမီး အသင်းသည် အုပ်စု(န)တွင် ဥရောပထိပ်တန်း အသင်းများဖြစ်သည့် နယ်သာလန်အမျိုးသမီး အသင်း၊ ပေါ်တူဂီအမျိုးသမီး အသင်း၊  အာဆီယံထိပ်သီး  ဗီယက်နမ်အမျိုးသမီး အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။

၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲ၏  ရေပန်းစားမှုစာရင်းတွင် ပြီးခဲ့သည့် ယူရိုအမျိုးသမီးပြိုင်ပွဲ၌  ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့်  အင်္ဂလန် အမျိုးသမီး အသင်းအနေဖြင့် အမေရိကန်အမျိုးသမီး အသင်း၏နောက် ဒုတိယနေရာ၌သာ ရပ်တည်နိုင်ခဲ့သည်။

ချန်ပီယံဆုအတွက် ရေပန်းစားမှု စာရင်းတွင် အမေရိကန်အမျိုးသမီး အသင်းနှင့် အင်္ဂလန်အမျိုးသမီး အသင်းတို့နောက်၌ စပိန်အမျိုးသမီးအသင်း၊ ဂျာမနီအမျိုးသမီးအသင်း၊ပြင်သစ်အမျိုးသမီးအသင်း၊ သြစတြေးလျ အမျိုးသမီးအသင်း၊ ဆွီဒင်အမျိုးသမီးအသင်း၊နယ်သာလန် အမျိုးသမီးအသင်း၊ ဘရာဇီးအမျိုးသမီးအသင်း၊ ကနေဒါအမျိုးသမီးအသင်း၊ ဂျပန်အမျိုးသမီးအသင်းနှင့် နော်ဝေအမျိုးသမီး အသင်းတို့က အစဉ်လိုက် ရပ်တည်လျက်ရှိသည်။

အမေရိကန်အမျိုးသမီး အသင်းသည်   အုပ်စုအဖွင့်ပွဲစဉ် အဖြစ် ဇူလိုင် ၂၂ ရက်တွင် ဗီယက်နမ် အမျိုးသမီးအသင်းနှင့်   စတင်ကစားရမည်ဖြစ်ပြီး  ဇူလိုင် ၂၇ ရက်တွင် နယ်သာလန် အမျိုးသမီးအသင်း၊ သြဂုတ် ၁ ရက်တွင် ပေါ်တူဂီ အမျိုးသမီးအသင်းတို့ နှင့်ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။