ဖယ်ခုံမြို့နယ်၊ ကဟန့်ကျေးရွာအနီး၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီး

နေပြည်တော်  သြဂုတ်  ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည်   ရီနွဲ့ကျေးရွာအုပ်စု၊ ကဟန့်ကျေးရွာ အနီး၌ ဘိန်းချက်လုပ်ကိုင်နေကြောင်းသတင်းအရ  သြဂုတ် ၉ ရက် နံနက် ၂ နာရီခွဲခန့်တွင်    သွားရောက်စစ်ဆေးရာ ဖယ်ခုံမြို့၏ အနောက်တောင်ဘက်၁၇ မိုင်ခွဲခန့်အကွာသို့ အရောက်၌ မိုးကာတဲနှစ်လုံး၊    ဘိန်းညှစ်စင်နှစ်စင်၊ ဘိန်းရည်သိုလှောင်ကန်တစ်ကန်၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဘိန်းရည် ၄၀၀ လီတာ၊ အမိုနီယမ်ကလိုရိုက် ၂၈ ကီလိုနှင့် ကော်ပုံး ၁၅ ပုံးတို့ကို တွေ့ရှိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့်  ဆက်စပ်ပစ္စည်းများအား ၎င်းနေရာ၌ပင်    မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။