တောင်ကိုရီးယားနိုင်ငံ ဆိုးမြို့တွင် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွား

တောင်ကိုရီးယားနိုင်ငံ ဆိုးမြို့တွင် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွား

တောင်ကိုရီးယားနိုင်ငံတွင် ဇူလိုင် ၂၁ ရက်က အကြမ်းဖက် တိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားရာ လူတစ်ဦးသေဆုံးပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ယွန်ဟပ်သတင်း အေဂျင်စီက ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုသည် ဒေသစံတော် ချိန် မွန်းလွဲ ၂ နာရီကျော်တွင် ဖြစ်ပွားသည့် ဓားဖြင့်တိုက်ခိုက်မှုဖြစ်ပြီး အမည်မသိ တိုက်ခိုက်သူတစ်ဦးက အကြမ်းဖက် တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများကို အာဏာ ပိုင်များက နီးစပ်ရာ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ ပြီး ရဲတပ်ဖွဲ့က အကြမ်းဖက် တိုက်ခိုက်သူအား အခင်းဖြစ်ပွားရာနေရာ၌ပင် ဖမ်းဆီးနိုင်ခဲ့ပြီး  တိုက်ခိုက်ရသည့် အကြောင်းရင်းအား စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သိရသည်။