SWM မဂ္ဂဇင်း၏ ပထမဆုံးအမျိုးသမီးကစားသမား မျက်နှာဖုံးပိုင်ရှင်အဖြစ် အက်စ်တွန်ဗီလာ အမျိုးသမီးအသင်း တိုက်စစ်ကစားသမား အလီရှာလီမန်း မှတ်တမ်းဝင်

SWM မဂ္ဂဇင်း၏ ပထမဆုံးအမျိုးသမီးကစားသမား မျက်နှာဖုံးပိုင်ရှင်အဖြစ် အက်စ်တွန်ဗီလာ အမျိုးသမီးအသင်း တိုက်စစ်ကစားသမား အလီရှာလီမန်း မှတ်တမ်းဝင်

အက်စ်တွန်ဗီလာအမျိုးသမီးအသင်းက  တိုက်စစ် ကစားသမားတစ်ဦးဖြစ်သည့်  အလီရှာလီမန်းသည် ကမ္ဘာ့ထိပ်တန်းမဂ္ဂဇင်းဖြစ်သည့်   SWM မျက်နှာဖုံးပိုင်ရှင် ဖြစ်လာပြီးနောက် ပထမဆုံး အမျိုးသမီး ကစားသမား မျက်နှာဖုံးပိုင်ရှင်အဖြစ်  မှတ်တမ်းဝင်ခဲ့ကြောင်း  သိရသည်။

SWM မဂ္ဂဇင်းတွင် သမိုင်းတစ်လျှောက်   အမျိုးသမီး အားကစားသမားများကို  မျက်နှာဖုံးပိုင်ရှင်အဖြစ် ဖော်ပြလေ့မရှိဘဲ   အစောပိုင်းက နာမည်ကြီးပေါ့ဂ်အနုပညာရှင် ခရစ်ဘရောင်းအပြင် အားကစား သမားများတွင် မန်စီးတီးအသင်း ခံစစ်ကစားသမား ဂျွန်စတုန်းနှင့်    ချယ်လ်ဆီးအသင်း  ခံစစ်ကစားသမား ချာလိုဗက် စသည့် အမျိုးသားများအပါအဝင်  တခြားထိပ်တန်းအနုပညာရှင်များအဖြစ်လည်း  အမျိုးသားများကိုသာ မျက်နှာဖုံးပိုင်ရှင်အဖြစ် ဖော်ပြပြီး ယခုအခါမှသာ  အားကစားသမားများတွင်  အလီရှာလီမန်းက ပထမဆုံးအမျိုးသမီး အားကစားသမားအဖြစ်  ဖော်ပြခံခဲ့ရခြင်းဖြစ်သည်။

ဆွစ်ဇာလန်အသင်းနှင့် အက်စ်တွန်ဗီလာအမျိုးသမီး အသင်းမှ အလီရှာလီမန်းသည် အားကစားလောက တွင် နာမည်ကြီးကစားသမားတစ်ဦးဖြစ်ပြီး  အင်စတာ ဂရမ်တွင်လည်း     Follower ၁၃ သန်းကျော်အထိရှိပြီး အမျိုးသမီးအားကစားသမားများတွင်  Follower အများဆုံးအဖြစ် ရပ်တည်နေပြီး ထိပ်တန်းတင်းနစ်မယ် ကာမီလာဂျော်ဂျီနှင့်အတူ    ဆွဲဆောင်မှု အရှိဆုံးအားကစားမယ် အဖြစ်လည်း ပူးတွဲရပ်တည်နေသူ ဖြစ်ကြောင်း သိရသည်။           

Ref;Onefootball