အသင်းမှ ထွက်ခွာခွင့်မပေးပါက အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာမည်ဖြစ်ကြောင်း တိုက်စစ်မှူး ဟယ်ရီကိန်း စပါးအသင်းထံ သတိပေး

အသင်းမှ ထွက်ခွာခွင့်မပေးပါက အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာမည်ဖြစ်ကြောင်း တိုက်စစ်မှူး ဟယ်ရီကိန်း စပါးအသင်းထံ သတိပေး

တိုက်စစ်မှူး ဟယ်ရီကိန်းက   လက်ရှိနွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် အသင်းမှ ထွက်ခွာခွင့်မပေးပါက လာမည့်ဘောလုံးရာသီအကုန်တွင် အသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာမည် ဖြစ်ကြောင်း သတိပေးခဲ့သည်။

အသက် ၂၉ နှစ်အရွယ် ဟယ်ရီကိန်းသည် စပါးအသင်း အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး ကစားသမား ဘဝအစပိုင်းက မီဝေါလ်အသင်း၊ နောဝှစ်ချ်အသင်း၊ လက်စတာအသင်း စသည့် အသင်းများတွင်   အငှားစာချုပ်များဖြင့်   ပြောင်းရွှေ့ကစားပြီး နောက် ၂၀၁၃ ခုနှစ်က အသင်းနှင့်ပြန်လည်ပူးပေါင်း ခဲ့သူဖြစ်သည်။

ဟယ်ရီကိန်းသည် စပါးအသင်းနှင့်ပြန်လည်ပူးပေါင်းပြီးနောက်  ဘောလုံးရာသီတိုင်းတွင် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ကာ လက်ရှိအချိန်ထိလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အကောင်းဆုံးတိုက်စစ်ကစားသမား များမှ တစ်ဦး အပါအဝင်ရပ်တည်နေသူဖြစ်သည်။

ဟယ်ရီကိန်းသည်    ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ထိပ်တန်းတိုက်စစ်မှူးတစ်ဦး ဖြစ်သော်လည်း အသင်းတွင် ဆယ်စုနှစ်တစ်ခု ကျော်ကြာ ကစားခဲ့ပြီး ဆုဖလား တစ်လုံးမှရရှိခြင်း မရှိသေးသည့်အတွက်   အသင်းမှ ထွက်ခွာလိုနေခြင်း ဖြစ်သည်။

ဟယ်ရီကိန်းနှင့်စပါးအသင်းတို့ စာချုပ်သက်တမ်းမှာ     တစ်နှစ်သာကျန်ရှိတော့ပြီး    စပါးအသင်းက အဓိကတိုက်စစ်မှူးတစ်ဦးကို   လက်မလွှတ်လိုသည့်အတွက်   တစ်ပတ်လုပ်ခလစာ    စတာလင်ပေါင် ၃၇၅၀၀၀   ဖြင့်  စာချုပ်သစ်ချုပ်ဆိုရန်  ကမ်းလှမ်းခဲ့သော်လည်း  ဟယ်ရီကိန်းကိုယ်တိုင်က  ပယ်ချခဲ့ပြီး အသင်းမှ မဖြစ်မနေထွက်ခွာရန် ပြင်ဆင်နေသည်။

လက်ရှိတွင်   ဟယ်ရီကိန်းကို   ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူရန် နှစ်ကြိမ်အထိ ကမ်းလှမ်းမှုပြုလုပ် သော်လည်း စပါးအသင်းက ပယ်ချခဲ့သည့်အတွက် အပြောင်းအရွှေ့မဖြစ်မြောက်သေးဘဲ ကြန့်ကြာနေ ကြောင်း သိရသည်။           

Ref;B/R Football