ဝေါလေမြို့၊ ဘလက်ဒိုကျေးရွာအနီး၌ ငွေကျပ်သိန်းပေါင်း ၉၇၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  သြဂုတ်  ၁၀

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြို့၊ ဘလက်ဒိုကျေးရွာ အနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ယာဉ်ဖြတ်သန်းသွားလာမှုများအား စစ်ဆေးဆောင်ရွက်စဉ် သြဂုတ် ၉ ရက် နံနက် ၈ နာရီခွဲခန့်တွင် မြဝတီမြို့ဘက်မှ ဆုံဆည်းမြိုင်ဘက်သို့ ရန်အန်း(ဘ)ဦးယူ မောင်းနှင်လာသော MITSUBISHI TRITON PICKUP အမျိုးအစား ယာဉ်အမှတ်၊ NPW-7 L/ ----- အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းအတွင်းမှ ICE မူးယစ်ဆေးဝါး ၃၉၁ ကီလိုဂရမ်ခန့် (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်းပေါင်း ၉၇၀၀၀ ကျော်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူ၊ မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးများအား တရားဥပဒေအရ ဆောင်ရွက်နိုင်ရေး မြဝတီမြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။