ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၅၉၈  ဦးထပ်တိုး

နေပြည်တော်  နိုဝင်ဘာ  ၉

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ         ၅၉၈ ဦးနှင့် သေဆုံးသူ ၁၇ ဦးရှိကြောင်း သိရသည်။

(၈-၁၁-၂၀၂၀)ရက် ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲ အတည်ပြုလူနာ ၁၀၂၉ ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေကို ယနေ့ညနေ ၃ နာရီခွဲတွင် သတင်းထုတ်ပြန်ခဲ့သည်။

(၈-၁၁-၂၀၂၀)ရက် ည ၈ နာရီမှ (၉-၁၁-၂၀၂၀)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၉၂၃၀ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာသစ် ၅၉၈ ဦး တွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။