လက်ပံကုန်းကျေးရွာတွင် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်

လှိုင်းဘွဲ့၊ ဒေသဖွံ့ဖြိုးရေး

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် အိမ်ထောင်စု ၂၂၂ စု၊ လူဦးရေ ၁၆၁၉ ဦးအတွက် အကျိုးပြုနိုင်မည့် သာယာကုန်း ကျေးရွာအုပ်စု လက်ပံကုန်းကျေးရွာတွင်း ကွန်ကရစ်လမ်းခင်း ခြင်းလုပ်ငန်းကို နိုဝင်ဘာ  ၆ ရက်မှ စတင်ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းသည် လူထုဗဟိုပြုစီမံကိန်းမှ ထောက်ပံ့ငွေကျပ် ၂၄၄၅၀၀၀၀ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး အရှည် ၁၀၈၀ပေ၊ အကျယ် ၁၆ ပေ၊ ထု ၆ လက်မဖြင့်  လှိုင်းဘွဲ့မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျ လမ်းညွှန်မှု၊ လက်ထောက်နည်းပညာမှူး ဒေါ်ဝင်းဇာနည်ခိုင်၊ လူထုစည်းရုံးရေးမှူး စောသန်း ကျော်လင်းတို့၏ အနီးကပ်ကြီးကြပ်မှု၊ ကျေးရွာသူကျေးရွာသားတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။                   

ခင်စန်းမြင့်