တန်းမြင့်ဆန်များကို ပင်လယ်ရေကြောင်း မှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့နေ

 

ပြည်တွင်းရှိ    တန်းမြင့်ဆန်များကို ပင်လယ်ရေကြောင်းမှတစ်ဆင့်  ပြည်ပနိုင်ငံများသို့ ကွန်တိန်နာများဖြင့် တင်ပို့နေ ကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း (ဘုရင့်နောင်) အတွင်းရေးမှူး ဦးသန်းဦး၏ပြောပြချက်အရ သိရသည်။

ထိုသို့ တင်ပို့ရာတွင် ရန်ကုန်မြို့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်မှ ဆန်အရည်အသွေး ၁၅ မှတ်နှင့် ၂၅  မှတ်ဆန်များကို ဝယ်ယူ ပြီး စက်ဖြင့်ပြန်ကြိတ်ကာ တန်းမြင့်ဆန်များအဖြစ် တင်ပို့နေခြင်းဖြစ်သည်။

“၁၅  မှတ်၊ ၂၅  မှတ်ဆန်တွေဝယ်ပြီး စက်နဲ့ပြန်ကြိတ်ပြီး  တန်းမြင့်ဆန်အနေနဲ့ ပြည်ပနိုင်ငံတွေကို  တင်ပို့နေတာပါ” ဟု ဦးသန်းဦးကပြောသည်။

လက်ရှိ  ပြည်တွင်း၌  ငွေလဲနှုန်းများ ကျဆင်းနေသောကြောင့်    ပင်လယ်ရေ ကြောင်းတင်ပို့မည့်  နထစသမအနမ   များအနေ ဖြင့်  ဈေးပိုပေးနိုင်ခြင်းမရှိ၍  မူဆယ်နယ်စပ်ကုန်သွယ်ရေးသို့ ပိုမိုရောင်းချနေရကြောင်း သိရသည်။

“ပြည်ပရောင်းတဲ့ဈေးနဲ့   ငွေဈေးက အရမ်းတက်စရာမရှိဘူး။  ဒါပေမဲ့  ဆန်အများကြီး ထွက်လာလို့ နောက်ထပ်ရာသီ ဥတုကောင်းလာရင်တော့    ဆန်ဈေးနည်းနည်းပိုအေးလာနိုင်ဖို့    ရှိပါတယ်။ ပင်လယ်ရေကြောင်းကနေ  တင်ပို့တဲ့သူ တွေကတော့  လောလောဆယ် ဈေးပိုပေးပြီး မဝယ်နိုင်ဘူး။ နယ်စပ်ကုန်သွယ်ရေးကတော့     မဖြစ်မနေ အရှုံးခံဝယ်မယ့် သဘောရှိပါတယ်” ဟု ဦးသန်းဦးကပြောသည်။

ပင်လယ်ရေကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံ၊ အာဆီယံနိုင်ငံများ၊ အာဖရိကနိုင်ငံများနှင့် တခြားပြည်ပနိုင်ငံများသို့ ဆန်များ တင်ပို့နေခြင်းဖြစ်ကြောင်း၊ ထိုသို့တင်ပို့ရာ တွင် အောက်တိုဘာ ၁ ရက်မှ ၁၆  ရက်အတွင်း  ပင်လယ်ရေကြောင်းမှ   အမေရိကန်ဒေါ်လာ ၈ ဒသမ ၂၄၂ သန်းတန်ဖိုး ရှိ ဆန် ၂၀၃၆၂ ဒသမ ၉ တန်အထိ တင်ပို့ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

နေနေ