မအူပင်မြို့နယ်၌ ထောပတ်ပဲ(အပြားကြီး)တစ်တင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၆၇၀၀၀ အထိ ဈေးကောင်းရရှိနေ

မအူပင်မြို့နယ်၌ ထောပတ်ပဲ(အပြားကြီး)တစ်တင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၆၇၀၀၀ အထိ ဈေးကောင်းရရှိနေ

ဧရာဝတီတိုင်းဒေသကြီး  မအူပင်ခရိုင် မအူပင်မြို့နယ်၌ ထောပတ်ပဲ(အပြားကြီး) တစ်တင်းဝင်တစ်အိတ်လျှင်     ငွေကျပ် ၆၇၀၀၀ အထိ ဈေးကောင်း ရရှိနေကြောင်း မအူပင်မြို့နယ်မှ လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး   ပွဲရုံလုပ်ငန်း လုပ်ကိုင်သူ    ဒေါ်စုစုလှိုင်၏ ပြောပြချက်အရ သိရသည်။

မအူပင်မြို့နယ်၌ ဇွန်လက ထောပတ်ပဲ (အပြားကြီး) တစ်တင်းဝင်တစ်အိတ်လျှင် ငွေကျပ်  ၅၈၀၀၀ သာဈေးရရှိပြီး   ဇူလိုင်  ၁  ရက်မှ  လက်ရှိအချိန်ထိ  ထောပတ်ပဲ (အပြားကြီး) တစ်တင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၆၇၀၀၀ အထိ ဈေးကောင်းရရှိ လာခြင်းဖြစ်ကြောင်း၊ အဆိုပါထောပတ်ပဲများ ဈေးကောင်း ရရှိလာခြင်းသည် ရန်ကုန် မြို့မှ  ဝယ်ယူမှုများပြားလာခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

“ရန်ကုန်ဈေးကွက်က ထောပတ်ပဲတွေ ဝယ်လိုအားကောင်းပြီး ဈေးကောင်းလာ တယ်။   ပြည်ပဈေးကွက်ကို   ထောပတ်ပဲ ပြန်တင်ပို့နေလို့လည်း ဝယ်လိုအားကောင်း လာတာပါ။ လက်ရှိ  ရန်ကုန်မြို့ကို  နေ့စဉ် ထောပတ်ပဲအိတ်ရေ  ၁၀၀  ကျော်အထိ တင်ပို့ရောင်းချနေရတယ်။  ထောပတ်ပဲက လာမယ့်     ပဲပေါ်ရာသီမရောက်မီအထိ အရောင်းအဝယ်နဲ့ဈေးပါ   အခုထက်  ပို ကောင်းလာဖို့ရှိပါတယ်” ဟု ဒေါ်စုစုလှိုင်ကပြောသည်။

မအူပင်မြို့နယ်မှ ပဲမျိုးစုံရောင်းဝယ်ရေး ပွဲရုံလုပ်ငန်း လုပ်ကိုင်သူများသည် ဒေသ ထွက်ပဲများကို ဝယ်ယူပြီး   ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြကြောင်း၊  ရန်ကုန်မြို့မှ တစ်ဆင့် ပြည်ပနိုင်ငံများဖြစ်သည့် အိန္ဒိယ၊  တရုတ်နှင့် ထိုင်းနိုင်ငံတို့သို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။