အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များကို ကာကွယ်ဆေးတိုက်ကျွေး

အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များကို ကာကွယ်ဆေးတိုက်ကျွေး

    ကရင်ပြည်နယ်  ပိုင်ကျုံမြို့  ကျေးလက်ကျန်းမာရေး ဌာနမှ အသက်နှစ်နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များကို   ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းကို ဇူလိုင် ၂၉ ရက် နံနက်ပိုင်းတွင် ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်ကျန်းမာရေးဌာန  ကျန်းမာရေးမှူး  ဦးသက်နိုင်စိုး၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မွေးစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်-အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင်၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ ဝက်သက်၊ဂျိုက်သိုးရောဂါ  စသည့်ကာကွယ်ဆေးများကိုထိုးနှံ တိုက်ကျွေးပေးသည်။

ထို့ပြင် ကိုယ်ဝန်ဆောင်မိခင်များ၏ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများနှင့် မေးခိုင်ကာကွယ်ဆေးကိုလည်း ထိုးနှံပေးလျက်ရှိကြောင်း၊ အဆိုပါကာကွယ်ဆေး ထိုးနှံခြင်းကို ဇူလိုင်၂၉ ရက်မှ ၃၀ ရက်အထိ နှစ်ရက်ကြာ ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။