ဟားခါးမြို့UPC ဘုရားကျောင်းခန်းမဆောင်သစ် ဖွင့်ပွဲကျင်းပ

ဟားခါး  နိုဝင်ဘာ  ၁၀

ချင်းပြည်နယ်   ဟားခါးမြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက် ၁၀ နာရီတွင် ဟားခါးမြို့ UPC  ဘုရားကျောင်းခန်းမဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့   တက်ရောက်သည်။

အခမ်းအနားတွင်  မြန်မာနိုင်ငံ့ UPC  အသင်းတော် ဂိုဏ်းချုပ်ဆရာတော် Rev. Dr. Ral Bual က အဖွင့်ဆုတောင်းပြီး  ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ချင်းပြည်နယ်ဝန်ကြီးချုပ်   ဦးဆလိုင်းလျန်လွယ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီးဟန်ဝင်းအောင်တို့က UPC ဘုရားကျောင်း၏ VP Henry Van Thio ခန်းမဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

အဆိုပါ UPC  ဘုရားကျောင်း၏ VP Henry Van Thio ခန်းမဆောင်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ချင်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၏ ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၄၀၀ ဖြင့် ဟားခါးမြို့ UPC အသင်းတော်ကော်မတီက တာဝန်ယူကာ ဇူလိုင်လမှစတင်၍  ဆောက်လုပ်ခဲ့ပြီး  အောက်တိုဘာလတွင် အဆောက်အအုံလုပ်ငန်းတစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးခဲ့သည်။

အဆိုပါ ခန်းမဆောင်မှာ အလျား ၆၅ ပေ၊ အနံပေ ၃၀၊ အမြင့် ၂၁ ပေရှိ RC နှစ်ထပ်ဖြစ်ကြောင်း  သိရသည်။