နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာရိုဟေးဆာဆာကာဝါအား လက်ခံတွေ့ဆုံ

နေပြည်တော်   နိုဝင်ဘာ   ၁၀

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ  အထူးကိုယ်စားလှယ် ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံရွေးကောက်ပွဲလေ့လာရေး အဖွဲ့ခေါင်းဆောင်   နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ရိုဟေးဆာဆာကာဝါအား ယနေ့နံနက်ပိုင်းတွင် လက်ခံတွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့်  မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး  မစ္စတာ အိချိရော့မာရုယာမတို့  တက်ရောက်ကြကြောင်း  သတင်းရရှိသည်။