သြစတြီးယား သမ္မတနိုင်ငံ၏ ချေးငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်းသည့် ဥပဒေရေးရာ ကိစ္စရပ်များ ဆွေးနွေး

နေပြည်တော် နိုဝင်ဘာ ၁၀

သြစတြီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးဖြစ်သော ဦးမင်းသိမ်းက သံအမတ်ကြီး တာဝန်နှင့်    ဗီယင်နာမြို့၌   အခြေစိုက်သည့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် သွားရောက်တာဝန်ထမ်းဆောင်ခြင်းမပြုမီ ယနေ့မွန်းတည့် ၁၂ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးအား လာရောက်တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ သြစတြီးယားသမ္မတနိုင်ငံ၏ ချေးငွေဖြင့် ဆောင်ရွက်မည့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့၏ လုပ်ငန်းများနှင့်စပ်လျဉ်းသည့် ဥပဒေရေးရာကိစ္စရပ်များ၊ နိုင်ငံတကာ ကုန်သွယ်ရေးဥပဒေဆိုင်ရာ ကုလသမဂ္ဂကော်မရှင်(UNCITRAL)နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် လိုအပ်သည့် ဥပဒေအကြံပြုချက်များ ကူညီပေးရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး မွန်းလွဲ ၁၂ နာရီခွဲတွင် ပြီးစီးခဲ့ကြောင်း သတင်းရရှိ

သည်။