တိုက်စစ်ကစားသမား ဆာလက်ချ်အနေဖြင့် လီဗာပူးအသင်းမှ ထွက်ခွာရန် အစီအစဉ် မရှိကြောင်း အေးဂျင့်ဖြစ်သူပြောကြား

တိုက်စစ်ကစားသမား ဆာလက်ချ်အနေဖြင့် လီဗာပူးအသင်းမှ ထွက်ခွာရန် အစီအစဉ် မရှိကြောင်း အေးဂျင့်ဖြစ်သူပြောကြား

    လီဗာပူးအသင်း တိုက်စစ်ကစားသမား ဆာလက်ချ်၏ အေးဂျင့်ဖြစ်သူက ဆာလက်ချ်အနေဖြင့် လီဗာပူးအသင်းမှ ထွက်ခွာရန် အစီအစဉ်မရှိကြောင်း ပြောကြားခဲ့သည်။

ဆော်ဒီကလပ်အသင်း တစ်သင်းဖြစ်သည့် အယ်အီတီဟက်အသင်းက လီဗာပူးအသင်း တိုက်စစ်ကစားသမား ဆာလက်ချ်ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀၊ တစ်နှစ်လုပ်ခလစာ ယူရို သန်း ၉၀ ဖြင့်ခေါ်ယူရန် ကမ်းလှမ်းထားကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည့် အတွက် ဆာလက်ချ်၏ အေးဂျင့် ရာမီအဘက်က ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ဆာလက်ချ်သည် ၂၀၁၅ ခုနှစ်က ရိုးမားအသင်းမှ လီဗာပူးအသင်းသို့ ပြောင်းရွှေ့ပြီးနောက် ဘောလုံးရာသီတိုင်းတွင် အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အသင်းနှင့် ဆုဖလားများ ဆွတ်ခူးနိုင်ခဲ့သည့်အပြင် တစ်ဦးချင်း ဆုများကိုလည်း ဆွတ်ခူးနိုင်ခဲ့သည်။

လီဗာပူးအသင်းသည် အသင်းမှ အဓိကတိုက်စစ် ကစားသမားများဖြစ်သည့် ဖာမီနိုနှင့် မာနေးတို့ကို လက်လွှတ်ခဲ့သော်လည်း ဆာလက်ချ်ကို လက်မလွှတ် လိုသောကြောင့်  ပြီးခဲ့သည့် ဘောလုံးရာသီက သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

ရာမီအဘက်က “ဆာလက်ချ်အနေနဲ့  လီဗာပူးအသင်းကနေ ထွက်ခွာဖို့ အစီအစဉ်ရှိရင် ပြီးခဲ့တဲ့နှစ်က သက်တမ်းတိုးစာချုပ် ချုပ်ဆိုမှာမဟုတ်ပါဘူး။ လက်ရှိ အချိန်ထိ ကျွန်တော့်ဆီ ကမ်းလှမ်းမှု တစ်စုံတစ်ရာမရှိပါဘူး။ ဆာလက်ချ်အနေနဲ့လည်း လီဗာပူးအသင်းမှာ ပျော်ရွှင်နေပါတယ်”ဟု ပြောသည်။

အယ်အီတီဟက်အသင်းသည် ပြီးခဲ့သည့်ဘောလုံးရာသီက  ဆော်ဒီပရိုလိဂ် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပြီး လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင် ထိပ်တန်းကစားသမားများ ဖြစ်သည့် ဘင်ဇီမာ၊ မန်ဒီနှင့် ဖာဘင်ဟိုတို့ကို ခေါ်ယူထားကြောင်း သိရသည်။