ကာရာဘောင်းဖလားပြိုင်ပွဲ ဒုတိယအဆင့်အတွက် မဲခွဲမှုအပြီးတွင် နော်တင်ဟမ် အသင်းနှင့် ဘန်လေအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေ

ကာရာဘောင်းဖလားပြိုင်ပွဲ ဒုတိယအဆင့်အတွက် မဲခွဲမှုအပြီးတွင် နော်တင်ဟမ် အသင်းနှင့် ဘန်လေအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေ

လာမည့်ဘောလုံးရာသီ    ကာရာဘောင်းဖလား ပြိုင်ပွဲအတွက်  မဲခွဲမှုအပြီးတွင် နော်တင်ဟမ်အသင်းနှင့် ဘန်လေအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေကြောင်း သိရသည်။

ကာရာဘောင်းဖလားပြိုင်ပွဲ   ဒုတိယအဆင့်တွင်  အဆင့်သတ်မှတ်ချက်များအရ အင်္ဂလန်အောက်တန်း လိဂ်များမှ ကလပ်အသင်းများနှင့် ပရီးမီးယားလိဂ်ပြိုင်ပွဲ မှ ကလပ်အသင်းများ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ပါဝင် ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

နော်တင်ဟမ်အသင်းသည်    ပြီးခဲ့သည့် ဘောလုံးရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှ အင်္ဂလန်ချန်ပီယံရှစ် ပြိုင်ပွဲသို့ တန်းဆင်းခဲ့ရသည့် အသင်းဖြစ်ပြီး ဘန်လေအသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီက အင်္ဂလန် ချန်ပီယံရှစ်ပြိုင်ပွဲမှ ပရီးမီးယားလိဂ်သို့ တန်းတက်လာသည့် အသင်းဖြစ်သည်။

ကာရာဘောင်းဖလားပြိုင်ပွဲ ဒုတိယအဆင့်တွင် အိတ်စတာနှင့်   စတီဗင်နေးအသင်း၊   ဆဲလ်ဖို့ဒ်နှင့် လိဒ်အသင်း၊ ဟာရိုဂိတ်နှင့် ဘလက်ဘန်းအသင်း၊ ဝရက်ဟမ်းနှင့် ဘရန့်ဖို့ဒ်အသင်း၊ ဒွန်ကက်စတာနှင့် အဲဗာတန်အသင်း၊ ဘော်လ်တန်နှင့် မစ်ဒယ်ဘရော့အသင်း၊ ပေါ့နှင့် အလက်ဇန်းဒါးအသင်း၊ နော်တင်ဟမ်နှင့် ဘန်လေအသင်း၊ ရှက်ဖီးလ်ဝင်းဒေးနှင့် မန်ဖီးလ်အသင်း၊ ဝုဗ်နှင့်ဘလက်ပူးအသင်း၊  ရှက်ဖီးလ်ယူနိုက်တက်နှင့်    လင်ကွန်းအသင်းတို့ တွေ့ဆုံယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။