ချယ်လ်ဆီးအသင်းက အသင်းခေါင်းဆောင်အဖြစ် ခံစစ်ကစားသမား ရီစီဂျိမ်းစ်ကို ခန့်အပ် တာဝန်ပေး

ချယ်လ်ဆီးအသင်းက အသင်းခေါင်းဆောင်အဖြစ် ခံစစ်ကစားသမား ရီစီဂျိမ်းစ်ကို ခန့်အပ် တာဝန်ပေး

    ချယ်လ်ဆီးအသင်းက    လာမည့်ဘောလုံးရာသီ အတွက်  အသင်းခေါင်းဆောင်အဖြစ် ရီစီဂျိမ်းစ်ကို ခန့်အပ်တာဝန်ပေးကြောင်း   အတည်ပြု ကြေညာခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီများက အသင်းခေါင်းဆောင်အဖြစ် ဝါရင့်ခံစစ်ကစားသမား အက်ပလီကွီတာကို တာဝန်ပေးအပ်ပြီး လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင်   အက်ပလီကွီတာအနေဖြင့်    အက်သလက်တီကို အသင်းသို့ပြောင်းရွှေ့ကစားပြီးနောက်    အသင်းခေါင်းဆောင် နေရာ လစ်လပ်နေသည့်အတွက် ရီစီဂျိမ်းစ်ကို တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီက   ဒုတိယအသင်း ခေါင်းဆောင်အဖြစ် ဝါရင့်ခံစစ်ကစားသမား ဆေးလ်ဗားကို ခန့်အပ်တာဝန်ပေးအပ် ခဲ့သော်လည်း လက်ရှိတွင်   ဆေးလ်ဗားကို   အသင်းခေါင်းဆောင်အဖြစ်   တာဝန်ပေးအပ်ခြင်းမရှိဘဲ ရီစီဂျိမ်းစ်ကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အသက် ၂၃ နှစ်အရွယ် ရီစီဂျိမ်းစ်သည် ချယ်လ်ဆီးအသင်း အကယ်ဒမီထွက် ကစားသမား တစ်ဦးဖြစ်ပြီး ၂၀၁၈ ခုနှစ်က  အသင်းနှင့်စာချုပ်ချုပ်ဆိုကာ စတင်ပူးပေါင်းခဲ့သော်လည်း  အသင်းတွင် ကစားခွင့်မရရှိဘဲ ဝီဂန်အသင်းသို့ အငှားစာချုပ်ဖြင့် သွားရောက် ကစားပြီးနောက် ၂၀၁၉ ခုနှစ်တွင် ချယ်လ်ဆီးအသင်းကို    နည်းပြလမ်းပတ် တာဝန်ယူကိုင်တွယ်ခဲ့စဉ်က ပြန်လည်ပူးပေါင်းခဲ့သူဖြစ်သည်။

ရီစီဂျိမ်းစ်သည် ချယ်လ်ဆီးအသင်းနှင့် ပြန်လည် ပူးပေါင်းပြီးနောက်   ဘောလုံးရာသီတိုင်းတွင် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး   နည်းပြဟောင်း များဖြစ်ကြသည့် တူချယ်လ်နှင့် ဂရေဟမ်ပေါ်တာတို့ လက်အောက်တွင်လည်း အဓိက ကစားသမားအဖြစ် ပွဲထွက်ခွင့်ရရှိပြီးနောက် ယခုအခါ ချယ်လ်ဆီးအသင်း ခေါင်းဆောင်အဖြစ်   တာဝန်ပေးအပ်ခံရကြောင်း သိရသည်။