လယ်ယာကုန်ထုတ်လမ်းဆောင်ရွက်ပေးနိုင်ရန် တင်ပြနိုင်ရေး ကွင်းဆင်းတိုင်းတာမှုများ ဆောင်ရွက်

ရမ်းဗြဲ၊ ဖွံ့ဖြိုးရေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်ရမ်းဗြဲမြို့နယ် ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ လယ်ယာကုန်ထုတ်လမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ရေး တင်ပြ တောင်းခံလာသော သစ်ပုတ်တောင်ကျေးရွာလယ်ယာ ကုန်ထုတ်လမ်းအား နိုဝင်ဘာ ၁၁ ရက်နံနက်ပိုင်းတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ထွန်းနှင့် တာဝန်ခံအင်ဂျင်နီယာတို့က မြေပြင်ကွင်းဆင်းတိုင်းတာမှုများ ဆောင်ရွက်ကြကြောင်း သိရသည်။

အဆိုပါ လယ်ယာကုန်ထုတ်လမ်းသည် သစ်ပုတ်တောင်ကျေးရွာအတွင်းရှိ လယ်သမား ၅၀ ကျော်တို့မှာ ကျေးရွာနှင့် လေးမိုင်ကွာဝေးသော ချောင်းဖျားဒေသသို့ သွားရောက်ပြီး ပင်ပန်းခက်ခဲစွာ လုပ်ကိုင်စားသောက် နေရသော လမ်းတစ်လမ်းဖြစ်သည်။

၎င်းလယ်ယာကုန်ထုတ်လမ်းနှင့်လိုအပ်သော တံတား၊ ရေပြွန်များအား ဖောက်လုပ်ပေးနိုင်ပါက သစ်ပုတ် တောင်ကျေးရွာရှိ အိမ်ခြေ ၂၂၀၊ အိမ်ထောင်စု ၂၄၆ စု၊လူဦးရေ ၁၃၁၃ ဦးတို့အတွက် များစွာ အကျိုးပြု မည်ဖြစ်ကာ လယ်ယာဥယျာဉ်ခြံမြေဧက ၁၀၀၀ ကျော်အား အကျိုးပြုခံစားရမည် ဖြစ်ကြောင်းသိရသည်။

(၄၀၈)