မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသူများ၏ ကိုယ်စိတ်နှလုံးသုံးပါးစလုံးမှ ပေါက်ဖွားဖြစ်ပေါ်လာသည့် ကြည်နူးပီတိစကားသံများ

မြန်မာနိုင်ငံအရပ်ရပ်မှာမှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူညီအစ်ကိုမောင်နှမတွေအနေနဲ့လည်း နေပြည်တော်မှာရှိတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အနည်းဆုံး တစ်ခါလောက်ဖြစ်ဖြစ် လာရောက် ဖူးမြော်ကြပါလို့ တိုက်တွန်းလိုပါတယ်။

    နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ   ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော် အောင်မြင်ခဲ့သည့် ကမ္ဘာ့ဉာဏ်တော် အမြင့်ဆုံး   ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးဖြစ်သည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား သြဂုတ် ၈ ရက်မှ ၁၆ ရက်အထိ ရဟန်း၊ ရှင်လူပြည်သူများ   အခမဲ့လာရောက်ဖူးမြော်ခွင့်ပြုခဲ့ရာ သတ္တမမြောက်နေ့ဖြစ်သည့် သြဂုတ် ၁၄ ရက်တွင်  မြန်မာနိုင်ငံအနှံ့အပြားမှ ဘုရားဖူး ဧည့်ပရိသတ်များဖြင့် ကြိတ်ကြိတ်တိုးစည်ကားများပြားလျက်ရှိသည်။

နိုင်ငံတစ်ဝန်းမှ  အစုအဖွဲ့လိုက် ဘုရားဖူးလာကြသည့် ရဟန်း၊ ရှင်လူပြည်သူများက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သဒ္ဓါတရားထက်သန်စွာဖြင့် ဖူးမြော်ကြည်ညိုကြပြီး ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ သုဓမ္မာဇရပ်များ၊ ရေပန်းရင်ပြင်၊   မုစလိန္ဒအိုင်၊ နဂါးရုံဘုရား၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးနှင့် ကျောက်စာရုံစေတီများကို စိတ်ဝင်တစားပျော်ရွှင်စွာဖြင့်   လေ့လာကြည်ညိုကြသည်ကို တွေ့ရသည်။

ထိုသို့လာရောက် ဖူးမြော်ကြည်ညိုကြသူများ၏  ကိုယ်စိတ်နှလုံးသုံးပါးစလုံးမှ ပေါက်ဖွားဖြစ်ပေါ်လာသည့် ကြည်နူးပီတိစကားသံများ၊ အနုမောဒနာ သာဓုခေါ်ဆိုသံများကို စုစည်းတင်ပြလိုက်ရပါသည်။

Description: C:\Users\Administrator\Desktop\15-8-2023\158132.JPG

ဦးကြည်(အေးငြိမ်းချမ်းသာဂိလာနဘိုးဘွားရိပ်သာဂေဟာမှူး)

    အဘကတော့  အေးငြိမ်းချမ်းသာ ဂိလာနဘိုးဘွားရိပ်သာက အဘိုးအဘွားများကို ဘုရားကြီးအား ဖူးမြော်ကြည်ညိုဖို့ လာပို့တာဖြစ်ပါတယ်။ အဘတို့က ကနဦးစကျင်ကျောက်ကြီးများကို အဆင့်ဆင့်စတင် သယ်ဆောင်သည့် အချိန်ကတည်းကနေပြီး ဒီမာရဝိဇယဘုရားကြီးကို  ဖူးမြော်နိုင်ဖို့ စိတ်ကူးရှိခဲ့တာပါ။ အခုလိုဘုရားကြီးအားလာရောက်ဖူးမြော်ဖို့အတွက် တစ်ပတ်လောက် အလိုကတည်းက ပြင်ဆင်ထားခဲ့ပါတယ်။ ရာသီဥတုအခြေအနေတွေကို ကြည့်ရတယ်။   အဘိုးအဘွားတွေရဲ့ ကျန်းမာရေးကိုကြည့်ရတယ်။   ဒီကနေ့  အဘတို့ဘိုးဘွားရိပ်သာက ဘုရားကြီးကိုလာဖူးတဲ့ အဘိုးအဘွားတွေ အပါအဝင် ပြုစုစောင့်ရှောက်တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ဆိုရင် စုစုပေါင်း ၂၆ ယောက်ရှိပါတယ်။

ကမ္ဘာပေါ်မှာ ဒီလောက်ဉာဏ်တော်မြင့်တဲ့ ဘုရားကြီးကို စွမ်းစွမ်းတမံ  ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သဒ္ဓါတရားအားသန်စွာ ဆောင်ရွက်ခဲ့ကြတာဖြစ်တဲ့အတွက် ဘုရားကြီးရဲ့ ဦးဆောင်ဒါယကာဖြစ်တဲ့ နိုင်ငံတော်အကြီးအကဲနှင့်  အလှူရှင်ဘုရားဒါယကာများကို အဘတို့က အမြဲတမ်းသာဓုခေါ်နေပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့    လူတွေအပြင် ကမ္ဘာပေါ်မှာရှိတဲ့   လူတွေအားလုံး   ဒီလိုဘုရားကြီးမျိုးကို    လာရောက်ဖူး သင့်တယ်။

Description: C:\Users\Administrator\Desktop\15-8-2023\158133.JPG

ဒေါ်ပျော့ (တောင်ကြီးမြို့)

    ဘုရားကြီးကို ဖူးချင်လွန်းအားကြီးလို့ လူစုပြီး တကူးတကလာခဲ့တာပါ။ အားလုံးပေါင်း ၆ ယောက်စုပြီး ကားငှားပြီးတော့လာခဲ့တာပါ။ အဝေးကြီးကလာရတာဖြစ်တဲ့အတွက် အရမ်းပင်ပန်းပါတယ်။ ဒါပေမဲ့ ဘုရားကြီးရဲ့ မုခ်ဦးအဝကိုမြင်လိုက်ရတာနဲ့ ပင်ပန်းသမျှတွေပြေပျောက်သွားပါတယ်။ ဒီလောက်ကြီးမားပြီး ကြည်ညိုဖို့ကောင်း တဲ့ဘုရားကြီးကို တစ်သက်မှာတစ်ခါမှမမြင်ဖူးခဲ့ပါဘူး။ ကုန်သွားတဲ့အချိန်။  ငွေကြေးနဲ့ ပင်ပန်းမှုတွေကို ဘုရားကြီးကို ဖူးမြော်လိုက်ရတဲ့အချိန်မှာ အားလုံးမေ့ပျောက်သွားပါတယ်။ ဘုရားကြီးကို မြန်မာမှုအနုပညာလက်ရာတွေနဲ့ ခေတ်မီစက်ကိရိယာတွေ ပေါင်းစပ်ပြီး တည်ဆောက်ထားတာ ဖြစ်တယ်လို့သိရတဲ့အတွက်    အရမ်းလည်းအံ့သြမိပါတယ်။  အခုလိုကြီးမားခံ့ညားတဲ့ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး တစ်ဆူလုံးကို စကျင်ကျောက်နဲ့ထုလုပ်ထားတဲ့အတွက် ကြည်ညိုဖွယ်ရာ အင်မတန် ကောင်းပါတယ်။ ဘုရားကြီးကို ဖူးမြော်ပြီးတော့   ဂန္ဓကုဋိတိုက်တွေကို   လိုက်ပြီးကြည့်တဲ့အခါမှာလည်း စကျင်ကျောက်တွေနဲ့ ထွင်းထုပူဇော်ထားတဲ့ ကျောက်ထွင်းပန်းချီတွေကို တွေ့ရတဲ့အပြင် ဗုဒ္ဓဝင်နံရံဆေးရေးပန်းချီတွေကို လည်း တွေ့ရပါတယ်။ ဘုရားကြီးရဲ့ပရိဝုဏ် တစ်ခုလုံးမှာရှိတဲ့   သာသနိက အဆောက်အအုံတွေကိုလည်း မြန်မာမှုလက်ရာတွေနဲ့ ပြုလုပ်ထားတာ တွေ့ရပါတယ်။    နဂါးရုံဘုရားကိုရှိခိုးခဲ့ပြီး မုစလိန္ဒအိုင်ကိုလည်း ကြည့်ခဲ့ပါတယ်။  ရှမ်းပြည်ကိုပြန်ရောက်သွားရင်လည်း ဘုရားကြီးကို  လာရောက်ဖူးမြော်ကြဖို့အတွက် အခြားသူတွေကိုလည်း ပြောပြပေးဦးမှာပါ။ အခုလို ကြည်ညိုဖွယ်ရာကောင်းလှတဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနဲ့ မြန်မာမှုလက်ရာ သာသနိက အဆောက်အအုံတွေကို  အများပြည်သူ ဖူးမြော်နိုင်အောင် တည်ဆောက်ပေးခဲ့တဲ့ ဦးဆောင်ဘုရားဒါယကာကြီးဖြစ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တကွ    စေတနာရှင်အလှူရှင်များ အားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်လို့   ပြောချင်ပါတယ်။

Description: C:\Users\Administrator\Desktop\15-8-2023\158134.JPG

ဒေါ်ခိုင် (စဉ့်ကူးမြို့)

    ကိုယ့်နိုင်ငံမှာတည်ထားပြီး   ကမ္ဘာ့အကြီးဆုံး စကျင်ကျောက်ဆစ် ရုပ်ပွားတော်မြတ်ကြီးလည်း ဖြစ်တဲ့  မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်ခွင့်ရတဲ့အတွက် အတိုင်းမသိပီတိဖြစ်မိပါတယ်။ နောင်တစ်ချိန်မှာ  သမိုင်းဝင်အမွေအနှစ်တစ်ခုဖြစ်လာမယ့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ပြည်တွင်းက ပညာရှင်တွေနဲ့ပဲ  ထုဆစ်ပူဇော်ခဲ့တယ်ဆိုတာကိုသိရတော့  ကိုယ့်နိုင်ငံအတွက်လည်း  ဂုဏ်ယူမိပါတယ်။ 

ဘုရားလာဖူးတဲ့သူ တချို့နဲ့စကားပြောကြည့်တော့ မြန်မာနိုင်ငံအနှံ့အပြားက လာကြတယ်ဆိုတာကို   သိလိုက်ရပါတယ်။ ဘုရားဖူးပြီးရင်လည်း စကျင်ကျောက်တွေနဲ့   ပြုလုပ်ထားပြီး မြန်မာမှုလက်ရာတွေနဲ့ အလှဆင်ထားတဲ့   ဂန္ဓကုဋိတိုက်တွေထဲမှာ အေးအေးချမ်းချမ်း အနားယူနိုင်အောင် စီစဉ်ပေးထားပါသေးတယ်။  အနားယူရင်း လေ့လာနိုင်ဖို့အတွက် ဗုဒ္ဓဝင်နံရံဆေးရေး ပန်းချီတွေနဲ့ စကျင်ကျောက်နဲ့ ထွင်းထုထားတဲ့ ပဋ္ဌာန်းနှစ်ဆယ့်လေးပစ္စည်း ကျောက်ထွင်းပန်းချီတွေကိုလည်း ထည့်သွင်းပူဇော်ထားတဲ့ အတွက် ဘာသာရေးနဲ့ပတ်သက်တဲ့  အသိပညာဗဟုသုတတွေ အများကြီး ရခဲ့ပါတယ်။ ရေပန်းရင်ပြင်မှာဆိုရင်လည်း

စကျင်ကျောက်ပြားတွေ ခင်းပေးထားတဲ့အတွက်   နေ့လယ်နေ့ခင်း နေပူချိန်မှာတောင်မှ သက်သောင့်သက်သာနဲ့ လေ့လာလို့ရပါတယ်။ နေအရမ်းပူလာရင်နားနေလို့ရအောင် သုဓမ္မာဇရပ်တွေကိုလည်း စနစ်တကျနဲ့ ထည့်သွင်း တည်ဆောက်ပေးထားပါတယ်။ ဘုရားကြီးအတွက် ရည်စူးပြီး  အလှူငွေတွေလည်း  လှူဒါန်းခဲ့ပါသေးတယ်။ ကျွန်မလို လှူဒါန်းကြတဲ့သူတွေကလည်း  အလှူခံဌာနမှာ တဖွဲဖွဲနဲ့ လာရောက်လှူဒါန်းနေကြတာကိုလည်း တွေ့ရပါတယ်။ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးထဲမှာ ကိန်းဝပ်စံပယ်တော်မူနေတဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကိုလည်း ဖူးမြော်ခဲ့ပါတယ်။ ကျောက်စာရုံစေတီတွေကိုဝင်ပြီး လေ့လာကြည့်တော့ ဗုဒ္ဓမြတ်စွာဘုရားရဲ့  အဆုံးအမတရားတော်တွေကို   နှစ်ပေါင်းများစွာ တည်တံ့အောင်   ကျောက်ထက်အက္ခရာတင်ပြီး    စနစ်တကျ   ပူဇော်ထားတာကို တွေ့ရတဲ့အတွက် အင်မတန်ကြည်နူးပီတိဖြစ်မိပါတယ်။ ရဟန်းသံဃာတွေ၊ သီလရှင်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းတဲ့သူတွေအတွက်လည်း ဘုရားကြီးကို လာရောက်ဖူးမြော်ရာမှာ အခက်အခဲမရှိအောင်   စေ့စေ့စပ်စပ်စီစဉ်ပေးထား တာကိုတွေ့ရပါတယ်။   မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်တဲ့ ကျွန်မရဲ့အမြင်ကို ပြောရရင်   ဘာမှအပြစ်ပြောစရာ မရှိအောင်ပြည့်စုံပါတယ်။ မြန်မာနိုင်ငံ အရပ်ရပ်မှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူညီအစ်ကိုမောင်နှမတွေ အနေနဲ့လည်း နေပြည်တော်မှာရှိတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အနည်းဆုံး တစ်ခါလောက်ဖြစ်ဖြစ်  လာရောက်ဖူးမြော်ကြည့်ကြပါလို့ တိုက်တွန်းလိုပါတယ်။

Description: C:\Users\Administrator\Desktop\15-8-2023\158135.JPG

ဒေါ်ဝင်းမာအေး-   အလက (၁)

    နေပြည်တော် အလယ်တန်းပြဆရာမ) ဆရာမတို့က  ဘုရားကြီးစတင် တည်ဆောက်တယ်ဆိုကတည်းကိုက သိတာကြာပြီဖြစ်ပါတယ်။ ဘုရားကြီး တည်ဆောက်ပြီ ဆိုကတည်းကိုက   ဒီဘုရားကြီးထဲမှာဌာပနာ ထည့်ဖို့ပြုလုပ်ကတည်းက သိတာဖြစ်ပါတယ်။ ကျွန်မဆိုရင် ဌာပနာထည့်ဖို့ အတွက်  ဆုံးသွားတဲ့ အမေ့ရဲ့ နားကပ်ကလေးကိုလည်း လာရောက်လှူဒါန်းခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက ဒီဘုရားကြီးကိုလည်း လာရောက်ဖူးမြော် ချင်နေတာဖြစ်ပါတယ်။ ကျွန်မတို့က နေပြည်တော် အလက(၁)က Grade-4 Grade-5 Grade-9 ကျောင်းသား၊ ကျောင်းသူများနဲ့ အတူ ဆရာ၊ ဆရာမတွေနဲ့ ဘုရားကြီးကို လာရောက်ဖူးမြော်ခြင်း ဖြစ်ပါတယ်။ သုံးသုတ်ခွဲပြီး လာရောက်ဘုရားဖူးကြမှာဖြစ်ပါတယ်။ ဘုရားကြီးကို လာရောက်ဖူးမြော်ခွင့် ရဖို့အတွက် အမှတ်(၁)အလယ်တန်းကျောင်း  ကျောင်းအုပ်ဆရာမကြီးက စီစဉ်ပေးတာဖြစ်ပါတယ်။ ဆယ်ယောက် တစ်ဖွဲ့ ဆရာမတစ်ယောက် ဦးစီးပြီးတော့ ကားတွေနဲ့  အဖွဲ့လိုက်စုပေါင်းပြီး လာရောက်ဖူးမြော်ကြတာဖြစ်ပါတယ်။ ဘုရားကြီးကို  ယခုလိုလာရောက်ဖူးမြော်ရတဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်။

သူများတွေ Social Media တွေပေါ်မှာ တင်ထားတာကို တွေ့ကတည်းကိုက ဖူးချင်နေခဲ့တာ  အခုလို လာရောက်ဖူးမြော်ခွင့်ရတဲ့အတွက် အတိုင်းမသိဝမ်းသာမိတယ်။ ဒီဘုရားကြီးဖြစ်မြောက်ဖို့အတွက် အစကနေ ပြီး  ယခုဘုရားကြီးဖွင့်လှစ်ပြီးခဲ့တဲ့အချိန်အထိ ဦးဆောင်ဘုရားဒါယကာ  နိုင်ငံတော်အကြီးအကဲနှင့် လှူဒါန်းပေးကြတဲ့ အလှူရှင် ဒါယကာ၊ ဒါယိကာမများ၊ လာရောက်ဖူးမြော်ခွင့်ရအောင် စီစဉ်ပေးခဲ့တဲ့ တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ပါတယ်ရှင့်။

ပြည့်စုံအောင်၊ပြည့်ဖြိုး(မြဝတီ)