ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေးကြေညာချက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေးကြေညာချက် ၁၃၈၅  ခုနှစ်၊  ဝါခေါင်လဆန်း  ၁၅  ရက် (၂၀၂၃  ခုနှစ်၊  သြဂုတ်လ  ၃၁  ရက်)

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေးကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေးကြေညာချက်

၁၃၈၅  ခုနှစ်၊  ဝါခေါင်လဆန်း  ၁၅  ရက်

(၂၀၂၃  ခုနှစ်၊  သြဂုတ်လ  ၃၁  ရက်)

ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ပြည်ထောင်စု အဆင့်အဖွဲ့ အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့အထိ ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြား ချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေးမည့် ကိစ္စရပ်များမပါ) အား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ  ရက်တိုးမြှင့်သတ်မှတ် ဆောင်ရွက်ထားပါကြောင်း အသိပေး ကြေညာအပ်ပါသည်။