ဂျိုဟန်နက်စဘာ့ရှိ ငါးထပ်တိုက်တစ်လုံးမီးလောင်မှုကြောင့် သေဆုံးသူအယောက် ၇၀ အထိရှိလာ

ဂျိုဟန်နက်စဘာ့ရှိ ငါးထပ်တိုက်တစ်လုံးမီးလောင်မှုကြောင့် သေဆုံးသူအယောက် ၇၀ အထိရှိလာ

ဂျိုဟန်နက်စဘာ့၊ မတော်တဆမှု

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စဘာ့ မြို့ရှိ ငါးထပ်တိုက်တစ်လုံး၌ မီးလောင်မှုကြောင့် သေဆုံးသူ အယောက် ၇၀ အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

အဆိုပါငါးထပ်တိုက်သည် စွန့်ပစ်ထား သည့်တိုက်တစ်လုံးဖြစ်ပြီး အိမ်ခြေရာမဲ့များ နေထိုင်နေသော နေရာဖြစ်ကြောင်းနှင့် ယခုမီးလောင်မှုသည် ပြီးခဲ့သည့်နှစ်အနည်း ငယ်အတွင်း မီးလောင်မှုကြောင့် လူသေဆုံး မှုအများဆုံးဖြစ်စဉ်ဖြစ်လာသည်။

မီးလောင်မှုကြောင့် သေဆုံးသူအယောက် ၇၀ ရှိသည့်အပြင် ဒဏ်ရာရရှိသူအရေအတွက်မှာလည်း ၅၂ ယောက်ရှိသောကြောင့် သေဆုံးသူအရေအတွက် ဆက်လက် မြင့်တက်လာနိုင်သည်။ သေဆုံးသူများတွင် ကလေးငယ် အများအပြားပါဝင်ပြီး အသက် အငယ်ဆုံးမှာ နှစ်နှစ်အောက်ဖြစ်သည်။

အထူးသဖြင့် သေဆုံးသူများသည် ပိတ်ထားသောလုံခြုံရေးဂိတ်အနီး၌ သေဆုံးနေ ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။အဆိုပါ စွန့်ပစ်တိုက်အတွင်းနေထိုင်သူများသည် အလင်းရောင်အတွက် ဖယောင်း တိုင်မီးကို အသုံးပြုကြခြင်းကြောင့် ယင်းမှ တစ်ဆင့် မီးလောင်မှုဖြစ်ပွားရခြင်းဖြစ်နိုင် ကြောင်း သိရသည်။

Ref: Bangkok Post