ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၁၂၇၇ ဦးထပ်တိုး

နေပြည်တော်  နိုဝင်ဘာ  ၁၄

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ         ၁၂၇၇ ဦးနှင့် သေဆုံးသူ ၁၈ ဦးရှိကြောင်း သိရသည်။

(၁၃-၁၁-၂၀၂၀)ရက် ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သောဓာတ်ခွဲ အတည်ပြုလူနာ ၁၁၃၆ ဦး၏ မြို့နယ်အလိုက်တွေ့ရှိရမှု အခြေအနေကို ယနေ့ညနေ ၃ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။

(၁၃-၁၁-၂၀၂၀)ရက် ည ၈ နာရီမှ (၁၄-၁၁-၂၀၂၀)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၄၇၇၇ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၁၂၇၇ ဦး တွေ့ရှိရကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။