(၂၃)ကြိမ်မြောက် အာဆီယံအပေါင်းသုံးထိပ်သီး အစည်းအဝေးနှင့် (၁၅)ကြိမ်မြောက်  အရှေ့အာရှထိပ်သီး အစည်းအဝေးများကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည် ယနေ့တွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည့် (၂၃)ကြိမ်မြောက် အာဆီယံအပေါင်းသုံးထိပ်သီး အစည်းအဝေးနှင့် (၁၅) ကြိမ်မြောက် အရှေ့အာရှထိပ်သီး အစည်းအဝေးတို့သို့ နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပါဝင်တက်ရောက် သည်။

(၂၃)ကြိမ်မြောက်  အာဆီယံအပေါင်းသုံးထိပ်သီးအစည်းအဝေးတွင် အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဗီယက်နမ်ဆိုရှယ် လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Nguyen Xuan Phuc က သဘာပတိအဖြစ်ဆောင် ရွက်ပြီး အစည်းအဝေးသို့ အာဆီယံအဖွဲ့ ဝင်နိုင်ငံများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယား သမ္မတနိုင်ငံတို့မှ ခေါင်းဆောင်များ ပါဝင်တက်ရောက်ခဲ့ကြ သည်။ ထိပ်သီးအစည်းအဝေးတွင် ခေါင်းဆောင်များက အာဆီယံ အပေါင်းသုံးနိုင်ငံ များအကြား အနာဂတ်တွင် ပူးပေါင်းဆောင် ရွက်မှုတိုးမြှင့်နိုင်မည့်  အခြေအနေများ၊ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ် များအပေါ် အမြင်ချင်းဖလှယ်                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                       ဆွေးနွေးခဲ့ကြသည်။

ခေါင်းဆောင်များက အဓိကမောင်းနှင် အားအဖြစ် အာဆီယံတည်ရှိသည့်အရှေ့ အာရှအသိုက်အဝန်းတစ်ရပ်ထူထောင်ရေး ဆိုင်ရာ ရေရှည်ရည်မှန်းချက်ကိုအကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အာဆီယံ အပေါင်းသုံးနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက် မှုသည် အရေးပါသည့် အခန်းကဏ္ဍမှပါဝင် လျက်ရှိကြောင်း၊ ကူးစက်ရောဂါအလွန် ဒေသတွင်း ပြန်လည်နာလန်ထူရေးကို ဆောင်ရွက်ရာတွင် အာဆီယံအပေါင်းသုံးနိုင်ငံများ၏  ပူးပေါင်းဆောင်ရွက်မှုကို   ပိုမိုတိုးတက်ခိုင်မာစေရန်နှင့်     COVID-19 ကူးစက်ရောဂါကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အာဆီယံ အပေါင်းသုံးနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍကို  ပိုမိုမြှင့်တင်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင်ခေါင်းဆောင်များက အရှေ့အာရှဒေသ၏ တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးတို့ကို တိုးမြှင့်ဖော်ဆောင်ရာ၌ အာဆီယံအပေါင်းသုံးနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်း ထုတ် ဖော်ပြောဆိုပြီး လူကုန်ကူးမှု၊ အကြမ်းဖက် မှုနှင့်အစွန်းရောက်မှု စသည့်သမားရိုးကျ မဟုတ်သော လုံခြုံရေးကိစ္စရပ်များကို ရင်ဆိုင် ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာစေရန် ကတိကဝတ်ပြုခဲ့ကြ သည်။

(၁၅)ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးတွင်  အာဆီယံ၏အလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတ နိုင်ငံဝန်ကြီးချုပ် Mr. Nguyen Xuan Phuc က သဘာပတိအဖြစ် ဆောင်ရွက်ပြီး  အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ သြစတြေးလျ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊  အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ကိုရီးယားသမ္မတနိုင်ငံ၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့မှ ခေါင်းဆောင်များနှင့်  ကိုယ်စားလှယ်များ  ပါဝင်တက်ရောက်ခဲ့ကြသည်။ ထိပ်သီးအစည်းအဝေးတွင်  ခေါင်းဆောင်များက  အရှေ့အာရှထိပ်သီး အစည်းအဝေး  အဖွဲ့ဝင်နိုင်ငံများအကြား အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် အခြေအနေများနှင့်   ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အရှေ့အာရှ ထိပ်သီးအစည်းအဝေး ထူထောင်ခြင်း (၁၅)နှစ်ပြည့် မြောက်သည့် နှစ်ပတ်လည် အခါသမယတွင် ခေါင်းဆောင်များက အားလုံးနှင့်သက်ဆိုင်သည့် မဟာဗျူဟာ၊ နိုင်ငံရေးနှင စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို အတူတကွပူးပေါင်းဖြေရှင်းကြ ရာတွင် အရှေ့အာရှထိပ်သီးအစည်းအဝေးကို      ခေါင်းဆောင်များဦးဆောင်သည့် အဓိကနေရာတစ်ခုအဖြစ်  ပိုမိုတိုးတက် ခိုင်မြဲစေရန် ထပ်လောင်း ကတိကဝတ်ပြုခဲ့ ကြသည်။   ထို့ပြင် ခေါင်းဆောင်များက လ ကူးစက်ရောဂါကိုရင်ဆိုင် တုံ့ပြန်ရာတွင် ထိရောက်မှုရှိသည့်ကုသဆေး နှင့်ကာကွယ်ဆေးများကို အားလုံးကသာတူ ညီမျှခံစားရရှိရေး၏ အရေးပါမှုကို အသိအမှတ်ပြုကြပြီး   ဘေးကင်းလုံခြုံမှုရှိ၍ အရည်အသွေးပြည့်ဝကာ  ထိရောက်မှုရှိသည့် COVID-19 ကာကွယ်ဆေးများ ကို အားလုံးကလက်လှမ်းမီသည့် ဈေးနှုန်းဖြင့် သာတူညီမျှခံစားရရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားကြမည့်  ၎င်းတို့၏ကတိ ကဝတ်အား  ထပ်လောင်းအတည်ပြုခဲ့ကြ သည်။ အရှေ့အာရှထိပ်သီးအစည်းအဝေးတွင် ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ ခေါင်းဆောင်အချို့၏ ပြောကြားချက်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တုံ့ပြန် ပြောကြားရာတွင် ၎င်းင်းတို့နည်းတူ မိမိအနေဖြင့်လည်း ယင်းကိစ္စနှင့်စပ်လျဉး၍ စိုးရိမ်ပူပန်မှုရှိသည်ကို ပြောကြားလိုကြောင်း၊ COVID-19 ကပ်ရောဂါကဲ့သို့သော စိန်ခေါ်မှုအကျပ်အတည်းများကြားမှ ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းအားလုံး၏ တည်ငြိမ်အေးချမ်းရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ တရားမျှတမှုနှင့် လူ့အခွင့်အရေးတို့နှင့် ပတ်သက်၍ စိန်ခေါ်မှုများစွာ ရှိစေကာမူ နိုင်ငံတစ်ဝန်း၌ တိုးတက်စေရန် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒေသနှင့်တစ်ကမ္ဘာလုံး၏ တည်ငြိမ်အေးချမ်းရေးနှင့် သာယာဝပြောရေးအတွက်  အရှေ့အာရှထိပ်သီး အစည်းအဝေးအဖွဲ့ဝင် နိုင်ငံအားလုံးနှင့် အနီးကပ်ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ကိုယ်စား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် အာဆီယံအပေါင်းသုံးနိုင်ငံ ခေါင်းဆောင်များနှင့် အရှေ့အာရှ စီးပွားရေးကောင်စီ၏ ကိုယ်စားလှယ်များ တွေ့ဆုံသည့် အခမ်းအနားသို့ ပါဝင်တက်ရောက်ဆွေးနွေးခဲ့သည်။

အလားတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် (၈)ကြိမ်မြောက် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး၊ အာဆီယံ-နယူးဇီလန်အထိမ်းအမှတ် ထိပ်သီး အစည်းအဝေးနှင့် ဒုတိယအကြိမ်မြောက်အာဆီယံ-သြစတြေးလျထိပ်သီးအစည်း

အဝေးတို့သို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ကိုယ်စား ပါဝင်တက်ရောက် ဆွေးနွေးခဲ့သည်။ ဆွေးနွေးဖက်နိုင်ငံများနှင့် ကျင်းပသည့်     ထိပ်သီးအစည်းအဝေးများတွင် ခေါင်းဆောင်များက အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် အခြေအနေများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များကို   အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

(၈)ကြိမ်မြောက် အာဆီယံ-အမေရိကန်ထိပ်သီး အစည်းအဝေးတွင် အမေရိကန်နိုင်ငံက  အာဆီယံနိုင်ငံမှ  ကျောင်းသား၊ ကျောင်းသူများ   အမေရိကန်နိုင်ငံတွင် ပညာသင်ကြားမည့် အခွင့်အလမ်း ပိုမိုရရှိစေမည Billion Future Scholars' အစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့သည်။

အလားတူ အာဆီယံ-နယူးဇီလန် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး၌ နယူးဇီလန်နိုင်ငံက အာဆီယံ၏ ဃဥဠှီု-၁၉ တုံ့ပြန်ရေးရန်ပုံငွေသို့ ဒေါ်လာတစ်သန်း၊ ကူးစက်ရောဂါတုံ့ပြန်ရေးကို ကူညီပံ့ပိုးရန် ဒေါ်လာ၁၂ သန်း၊ ဒေသတွင်း အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးက ိုကူညီပံ့ပိုးပေးရန် ဒေါ်လာ ၂၄ သန်း၊ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံနိုင်သည့် စိုက်ပျိုးရေးလုပ်ငန်းများအတွက်  ဒေါ်လာ ၁၀သန်းနှင့် ရေအရင်းအမြစ် စီမံခန့်ခွဲမှုအတွက် မဲခေါင်ကော်မရှင်သို့    ဒေါ်လာငါးသန်း ကူညီထောက်ပံ့မည် ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ထို့ပြင် အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးတွင် သြစတြေးလျနိုင်ငံက အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသတွင် ဘေးကင်းလုံခြုံမှုရှိပြီး   ထိရောက်သည့် COVID-19 ကာကွယ်ဆေးများကို အားလုံးကရရှိခံ စားနိုင်ရန်အတွက် ဒေါ်လာ သန်း   ၅၀၀  ကူညီထောက်ပံ့မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရသည်။