တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀)၌ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု အတွဲ(၃၀၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပ

တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀)၌ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု အတွဲ(၃၀၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၈

          တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀)၌ ကျောက်ကပ်အစားထိုးခွဲစိတ် ကုသမှု အတွဲ(၃၀၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ဆေးတက္ကသိုလ်၌ ကျင်းပပြုလုပ်သည်။ အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်၊ အငြိမ်းစားဆေးဝန်ထမ်း ညွှန်ကြားရေးမှူးများ၊ တပ်မတော်ဆေးရုံ/ ဆေးတပ်များမှ တပ်မှူးများ၊ အငြိမ်းစား တပ်မှူးများ၊ အငြိမ်းစား ပါမောက္ခ ဆရာကြီး/ဆရာမကြီးများ၊ တပ်မတော် ဆေးတက္ကသိုလ်မှ ပါမောက္ခ/ ဌာနမှူးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

          ထိုသို့ ပထမဆုံး ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို ၁၉၉၅ ခုနှစ်တွင် တပ်မတော် ဆေးရုံကြီး(ခုတင်-၁၀၀၀) ၌ပြုလုပ်နိုင်ခဲ့ကြောင်း၊ ဗြိတိန်နိုင်ငံမှ ကျောက်ကပ် ခွဲစိတ် ကုသမှုအဖွဲ့နှင့် ဆေးဝန်ထမ်းတပ်ဖွဲ့မှ ပါမောက္ခဆရာဝန်ကြီးများ၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ပါမောက္ခ ဆရာဝန်ကြီးမျာ းဦးဆောင်ပြီး လူနာ ၅ တွဲကို ပထမဆုံး အနေဖြင့့် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း၊ ၁၉၉၇ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း စင်္ကာပူနိုင်ငံမှ ပါမောက္ခ ဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့မှ ပါမောက္ခ ဆရာဝန်ကြီး များပူးပေါင်း၍ တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀)တွင် လူနာအတွဲစုစုပေါင်း ၁၉ တွဲ ကို ခွဲစိတ် အောင်မြင်ခဲ့ကြောင်းသိရှိရသည်။

          ဆေးဝန်ထမ်းတပ်ဖွဲ့အတွင်း ကျောက်ကပ် အစားထိုးခွဲစိတ် ကုသမှုများကို တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၌သာ ပြုလုပ်ခဲ့ရာမှ ၂၀၁၁ ခုနှစ်မှစတင်၍ တပ်မတော်ဆေးရုံ(ခုတင်-၇၀၀)၌ လည်းကောင်း၊ ၂၀၁၆ ခုနှစ်မှစတင်၍ တပ်မတော် ဆေးရုံကြီး(ခုတင်-၁၀၀၀)၌ လည်းကောင်း၊ ၂၀၂၂ ခုနှစ်မှစတင်၍ တပ်မတော် ဆေးရုံ (ခုတင်-၇၀၀)၌ လည်းကောင်း အသီးသီးကျောက်ကပ် အစားထိုးခွဲစိတ် ကုသမှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။

တပ်မတော်ဆေးရုံကြီး(ခုတင်- ၁၀၀၀)မှာဆိုရင် ၁၉၉၅ ခုနှစ်မှ ယနေ့ထိ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုပေါင်း ၃၀၀ တွဲကို အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ဆေးဝန်ထမ်းတပ်ဖွဲ့အနေဖြင့် ယခုဆိုရင် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုပေါင်း ၄၃၅ တွဲကို အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။