ထိုင်းနိုင်ငံမှ ပုစွန်သားပေါက်တင်သွင်းပြီး မွေးမြူရသည့်အတွက် နိုင်ငံတကာဈေးကွက်ကိုယှဉ်ပြိုင်ရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိ

ပြည်တွင်းပုစွန်မွေးမြူရေးလုပ်ငန်း များအနေဖြင့် သားပေါက်ထုတ်လုပ်မှု အခက်အခဲရှိသောကြောင့် ထိုင်းနိုင်ငံမှ သားပေါက် တင်သွင်းပြီး မွေးမြူရသည့်အတွက် နိုင်ငံတကာဈေးကွက်ကို ယှဉ်ပြိုင်ရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ပုစွန်မွေးမြူထုတ်လုပ်ရောင်းချသူများ အသင်းမှ သိရသည်။

ထိုင်းနိုင်ငံက သားပေါက်ကို တင်သွင်းပြီး မွေးမယ်ဆိုရင် ကုန်ကျစရိတ်နဲ့ လမ်းခရီးမှာ ဖြစ်လာနိုင်တဲ့ အလေအလွင့်တွေ ကြောင့်      ထုတ်လုပ်မှု ကုန်ကျစရိတ်များပြီး နိုင်ငံတကာဈေးကွက်ကို  ယှဉ်နိုင်မှာမဟုတ်ဘူး။   ရောင်းချတဲ့ အပိုင်း မှာလည်း မယှဉ်နိုင်ဘူး။ ဒုတိယအချက်က ပြည်တွင်းစားသုံးမှု အပိုင်းမှာ ဈေးပေါပေါနဲ့ ထုတ်နိုင်တဲ့ပစ္စည်းက ဈေးကြီးသွားတဲ့ သဘောဖြစ်တယ် ဟု အဆိုပါ အသင်းဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းမြင့်က ပြောသည်။

ပုစွန်မွေးမြူရာတွင် ပုစွန်သားပေါက်မျိုးရိုးဗီဇကောင်းမှသာ ကြီးထွားမှုကောင်းပြီး မျိုးကောင်းသည့် ပုစွန်များကို ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ်မတိုင်မီက ရေချိုပုစွန်သားဖောက်စခန်း၂၅  ခုကျော်ရှိခဲ့သော်လည်း  နောက်ပိုင်းရေမြေသဘာဝ ပတ်ဝန်းကျင် ပြောင်းလဲလာသောကြောင့် ရေချိုပုစွန်နှင့်ပတ်သက်ပြီး

ပြည်တွင်းရှိ သားဖောက်စခန်းများမှ ထုတ်လုပ်မှု ကျဆင်းသွားသည့်အတွက်   ပုစွန်သားပေါက်ကို ထိုင်းနိုင်ငံမှ တင်သွင်းကာ မွေးမြူနေရခြင်း ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်