ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၉ ၃ ဦးထပ်တိုး

နေပြည်တော်  နိုဝင်ဘာ  ၁၅

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ         ၉၈၃ ဦးနှင့် သေဆုံးသူ ၂၅ ဦးရှိကြောင်း သိရသည်။

(၁၄-၁၁-၂၀၂၀)ရက် ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သောဓာတ်ခွဲ အတည်ပြုလူနာ ၁၂၇၇ ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေကို ယနေ့ညနေ ၅ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။

(၁၄-၁၁-၂၀၂၀)ရက် ည ၈ နာရီမှ (၁၅-၁၁-၂၀၂၀)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၃၃၄၇ ခုအား စစ်ဆေး ပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၉၈၃ ဦးတွေ့ရှိရကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။