ဒီနေ့လာရောက်လေ့လာကြည့်ရှုဖူးမြော်ကြတဲ့ အာရှနဲ့ ပစိဖိတ်နိုင်ငံများမှ အင်ဂျင်နီယာများအားလုံးက အံ့မခန်းချီးကျူးကြပါတယ်။ ကျွန်တော်တို့နိုင်ငံနဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာ လောကသားများအတွက် ဂုဏ်ယူဝမ်းသာပီတိဖြစ်မိပါတယ်     

ဒီနေ့လာရောက်လေ့လာကြည့်ရှုဖူးမြော်ကြတဲ့ အာရှနဲ့ ပစိဖိတ်နိုင်ငံများမှ အင်ဂျင်နီယာများအားလုံးက အံ့မခန်းချီးကျူးကြပါတယ်။ ကျွန်တော်တို့နိုင်ငံနဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာ လောကသားများအတွက် ဂုဏ်ယူဝမ်းသာပီတိဖြစ်မိပါတယ်     

(၃၁)ကြိမ်မြောက်   အာရှနှင့်ပစိဖိတ်ဒေသတွင်းဆိုင်ရာအင်ဂျင်နီယာများအဖွဲ့ချုပ် အထွေထွေညီလာခံနှင့် (၇)ကြိမ်မြောက်ဂုဏ်ထူးဆောင်ဟောပြောပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံတကာမှ ကိုယ်စားလှယ်  အင်ဂျင်နီယာများနှင့် မြန်မာနိုင်ငံ  အင်ဂျင်နီယာကောင်စီမှ  အင်ဂျင်နီယာများသည်   ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့်  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့နံနက်ပိုင်းတွင် လာရောက်လေ့လာဖူးမြော်ကြသည်။

ထိုသို့ လာရောက်ဖူးမြော်ကြသူများက မာရဝိဇယ   ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ထားကိုးကွယ်ရေးဆိုင်ရာ လုပ်ငန်းများတွင် တာဝန်ယူဆောင်ရွက်ခဲ့ကြသည့်အပေါ် အံ့သြချီးကျူးဂုဏ်ယူမှုများနှင့် ဝမ်းသာပီတိစကားသံများကို ဖော်ပြလိုက် ရပါသည်-

ဗိုလ်မှူးပြည့်ဖြိုးမောင်

(မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးဆိုင်ရာ

တာဝန်ခံအင်ဂျင်နီယာ)

ကျွန်တော့်အနေနဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးလုပ်ငန်းပိုင်းမှာ အင်ဂျင်နီယာပိုင်းဆိုင်ရာ ဒီဇိုင်းတွက်ချက်မှု လုပ်ငန်းအဆင့်ဆင့်နဲ့ စကျင်ကျောက်တုံးတော်ကြီးတွဲဆက်ခြင်း

လုပ်ငန်း၊ ဆင်းတုတော်ကြီးပင့်ဆောင်၊ ပင့်ထောင်ပူဇော်ခြင်းလုပ်ငန်းတွေမှာ အဓိကပါဝင်ဆောင်ရွက် ခဲ့ပါတယ်။   ကမ္ဘာပေါ်မှာရှိတဲ့   ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်တွေအနက် အကြီးမားဆုံးနဲ့ ဉာဏ်တော်အမြင့်ဆုံးဖြစ်တဲ့ မာရဝိဇယ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေး လုပ်ငန်းမှာ ကိုယ်တတ်သိတဲ့ပညာရပ်ပိုင်းဆိုင်ရာနဲ့ တစ်ဖက်တစ်လမ်းက ကုသိုလ်ယူပါဝင်ခွင့် ရတဲ့အတွက် အတိုင်းမသိဝမ်းသာပီတိ ဖြစ်မိပါတယ်။ ဒီနေ့မှာဆိုရင် (၃၁)ကြိမ်မြောက် အာရှနဲ့ပစိဖိတ်ဒေသတွင်းအင်ဂျင်နီယာများ အသင်းချုပ် အထွေထွေညီလာခံ အစည်းအဝေးကို တက်ရောက်လာကြတဲ့ နိုင်ငံတကာကအင်ဂျင်နီယာတွေနဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီက အင်ဂျင်နီယာတွေကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး အင်ဂျင်နီယာပိုင်းဆိုင်ရာ တည်ဆောက်ပုံ လုပ်ငန်းအဆင့်ဆင့်ကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ ဒီလိုရှင်းလင်း တင်ပြတဲ့အခါမှာလည်း နိုင်ငံတကာကအင်ဂျင်နီယာတွေက ဒီလုပ်ငန်းကြီးက  တကယ်ကိုကြီးကျယ် ခမ်းနားပါတယ်။ ကမ္ဘာပေါ်မှာတကယ်ကို Mega Structures ဖွဲ့စည်းတည်ဆောက်ရေး လုပ်ငန်းကြီး ဖြစ်တဲ့အတွက်ကြောင့် မြန်မာအင်ဂျင်နီယာတွေအတွက် အလွန်ကို ဝမ်းသာဂုဏ်ယူချီးကျူးမိတယ် ဆိုတဲ့အကြောင်း ကျွန်တော်တို့ကို မှတ်ချက်ပြုပြောဆိုခဲ့ကြပါတယ်။

ဦးခင်မောင်မောင်(မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်)

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဦးခင် မောင်မောင်ဖြစ်ပါတယ်။ နေပြည်တော်မှာ (၃၁)ကြိမ်မြောက်အာရှနဲ့ပစိဖိတ်ဒေသတွင်း အင်ဂျင်နီယာများအသင်းချုပ် အထွေထွေညီလာခံ အစည်းအဝေးမှာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ အင်ဂျင်နီယာအသင်းအဖွဲ့ဝင်တွေက ညီလာခံကိုတက်ရောက်ရင်း မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်ခြင်းဖြစ်ပါတယ်။ ဘုရားကြီးနဲ့ပတ်သက်ပြီး ကျွန်တော်တို့အဖွဲ့ကို စကျင်ကျောက်တောင်ကနေ ဒီနေပြည်တော်ရောက်တဲ့အထိ

ရောက်အောင် သယ်ဆောင်လာပုံတွေကို အသေးစိတ်ရှင်းပြတဲ့အတွက်ကြောင့် ဘုရားကြီးက အင်ဂျင်နီယာပိုင်းမှာ ခေတ်မီတိုးတက်တဲ့ နောက်ဆုံးပေါ်နည်းပညာ CNC နဲ့ ဒီဇိုင်းအမျိုးမျိုး လုပ်တဲ့အတွက်ကြောင့်မို့ မြန်မာနိုင်ငံ   အင်ဂျင်နီယာများအနေနဲ့ ဂုဏ်ယူရမယ့် မှတ်တမ်းတစ်ခုဖြစ်ပါတယ်။

ဒါကြောင့် ဒီဘုရားကြီးကို လာရောက်ဖူးမြော်ခြင်းအားဖြင့် ဘုရားတင်မကဘဲ အင်ဂျင်နီယာပိုင်းဆိုင်ရာများကို လေ့လာသင့်တဲ့ အဆောက်အအုံတစ်ခုလို့ ကျွန်တော်မြင်ပါတယ်။ အင်ဂျင်နီယာပိုင်းဆိုင်ရာများကို လေ့လာချင်တယ်ဆိုရင်  ဘုရားကြီးကို ဖူးမြော်ရင်း လာရောက်လေ့လာသင့်ပါတယ်လို့ ပြောချင်ပါတယ်။ ဘုရားကြီးကိုထုလုပ်ထားတဲ့    စကျင်ကျောက်ပစ္စည်းကိုက မာပါတယ်။ စကျင်ကျောက်ကလည်းအဖြူ အကုန်လုံး ဘုရားနဲ့ပတ်သက်ပြီးသုံးထားတာကလည်း အဖြူရောင်ဆိုတော့  နောက်ခံ Backgrounds  က တောင်တန်း၊ သစ်ပင်များရှိရင် ပိုပြီးတော့ လှပသွားမယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ကို ရှင်းပြခဲ့တုန်းကသိလိုက်ရတာက Dark Expression ကို White Concepts ယူထားတာဖြစ်တဲ့အတွက် ဒီ ဃသညခနစအျ ကိုလည်း ကျွန်တော်တို့လက်ခံပါတယ်။ မာရဝိဇယဘုရားကြီးမှာ အင်ဂျင်နီယာပိုင်းဆိုင်ရာ အနုပညာလက်ရာတွေနဲ့ ပြည့်စုံနေတဲ့ဘုရားကြီးလို့ ကျွန်တော်ပြောချင်ပါတယ်။

ဦးဝင်းထွဋ် (မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ကျင့်ဝတ်သိက္ခာထိန်းသိမ်းရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ)

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ကျင့်ဝတ်သိက္ခာထိန်းသိမ်းရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ အင်ဂျင်နီယာဦးဝင်းထွဋ်ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဒုတိယဥက္ကဋ္ဌအနေနဲ့ တာဝန်ယူဆောင်ရွက်ပါတယ်။ (၃၁)ကြိမ် မြောက်အာရှနဲ့ပစိဖိတ်ဒေသတွင်း အင်ဂျင်နီယာများအသင်းချုပ် အထွေထွေညီလာခံ အစည်းအဝေးမှာ အဖွဲ့အစည်း ၂၉ နိုင်ငံမှာပါဝင်တဲ့ ကိုယ်စားလှယ်များက ဘုရားကြီးကို လာရောက်လေ့လာဖူးမြော်ခြင်း ဖြစ်ပါတယ်။ ဒီနေ့မနက် မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်တဲ့အခါမှာ ဘုရားကြီးနဲ့ပတ်သက်တဲ့ အကြောင်းအရာများကို တာဝန်ရှိသူတွေက ရှင်းပြပါတယ်။ အဲဒီလိုရှင်းပြကြတဲ့အခါ ဘုရားစတင်သယ်ဆောင်လာပုံ အဆင့်ဆင့်နဲ့ ပင့်ဆောင်၊ ပင့်ထောင်

မှုအဆင့်ဆင့်များကိုလည်း ရှင်းပြပါတယ်။ အာရှနဲ့ပစိဖိတ်နိုင်ငံများကလာတဲ့  နိုင်ငံခြားသားများအပါအဝင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ အင်ဂျင်နီယာအသင်းချုပ်ကိုယ်စားလှယ်များနဲ့ လေ့လာသူတွေက ပါချီးကျူးခြင်း ခံရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဝင်များ၊ အင်ဂျင်နီယာအသင်းချုပ်က တာဝန်ရှိသူများ၊   မြန်မာ့တပ်မတော် နည်းပညာအင်ဂျင်နီယာများအားလုံးရဲ့ စုပေါင်း ပါဝင်လုပ်ဆောင်မှုများက အံ့မခန်းဖွယ်ရာဖြစ်တဲ့ဘုရားကြီးရဲ့တန်ချိန်၊ အလေးချိန်တွေက မြန်မာနိုင်ငံမှာရှိနေတဲ့ပစ္စည်း ကိရိယာတွေနဲ့ အောင်မြင်စွာတည်ဆောက်ခဲ့တာတွေ၊ စကျင်ကျောက်တုံးကြီးကို စတင်သယ်ဆောင်လာပုံအဆင့်ဆင့်တွေ၊ ရာသီဥတုသဘာဝဘေးအန္တရာယ် ကာကွယ်နိုင်အောင် တည်ဆောက်ပုံ၊ အစအဆုံးဘုရားကြီးတည်ဆောက်ပြီးစီးတဲ့အထိ ရှင်းပြတဲ့အခါ ဒီနေ့လာရောက်လေ့လာကြည့်ရှုဖူးမြော်ကြတဲ့ အာရှနဲ့ပစိဖိတ်နိုင်ငံများမှ     အင်ဂျင်နီယာများအားလုံးက အံ့မခန်းချီးကျူးကြပါတယ်။ ကျွန်တော်တို့ နိုင်ငံနဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာလောကသားများအတွက်  ဂုဏ်ယူဝမ်းသာပီတိ ဖြစ်မိပါတယ်။ မာရဝိဇယဘုရားကြီးက မြန်မာနိုင်ငံမှာတစ်ခုတည်းသော အကြီးဆုံး၊  အမြင့်ဆုံးထိုင်တော်မူဘုရားကြီး ဖြစ်ပါတယ်။   ဒါ့အပြင်   မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာထွန်းကားတဲ့ယဉ်ကျေးမှုပြယုဂ်တစ်ခုလည်းဖြစ်ပါတယ်။ ဘုရားကြီးကို ကိုယ်တိုင်လာရောက်ဖူးမြော်ရတဲ့အတွက်ကြောင့် အလွန်သပ္ပာယ်ကြည်ညိုဖွယ်ရာကောင်းလှပါတယ်ဆိုတာ  သိခဲ့ရပါတယ်။ ဘုရားကြီးမှာ မြန်မာအနုပညာ လက်ရာတွေ၊  ဗုဒ္ဓရဲ့ရှေးမူမပျက် ဗုဒ္ဓရဲ့အစဉ်အလာအမွေအနှစ်တွေကို ထိန်းသိမ်းဖို့အတွက် မြန်မာဘာသာနဲ့ ပါဠိအက္ခရာ၊ Romanize Language များနဲ့ ကျောက်စာတော်များရေးထိုးထားတဲ့အတွက် မြန်မာနိုင်ငံ ဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တံ့ရန်လုပ်ဆောင်မှုများကို ကျွန်တော်အပါအဝင် လာရောက်လေ့လာတဲ့ သူများအားလုံး မြန်မာပြည်သူပြည်သားအားလုံးကိုယ်စားဝမ်းသာပီတိ ဖြစ်မိပါတယ်။ ဘုရားကြီးကို လာရောက်ဖူးမြော်နိုင်အောင် အစစအရာရာ ဆောင်ရွက်ပေးကြတဲ့ တာဝန်ရှိသူများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတော်ကြီးလည်း ကမ္ဘာတည်သရွေ့ ဗုဒ္ဓဘာသာသာသနာ ထွန်းကားပြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်။

ဦးလှဝင်းဌေး ( မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ အတွင်းရေးမှူး)

မြန်မာနိုင်ငံ  အင်ဂျင်နီယာကောင်စီအတွင်းရေးမှူး ဦးလှဝင်းဌေးဖြစ်ပါတယ်။ ဒီနေ့ဘုရားလာဖူးတဲ့ အဖွဲ့တွေက အခုစက်တင်ဘာ ၁၁ ရက်၊ ၁၂ ရက် အာရှနဲ့ ပစိဖိတ်ဒေသတွင်းမှာရှိတဲ့ အင်ဂျင်နီယာအသင်းအဖွဲ့တွေ အထွေထွေညီလာခံကို နေပြည်တော်မှာ ကျင်းပခဲ့ပြီး မာရဝိဇယဘုရားကြီးကို ဖူးမြော်ဖို့အတွက် လာရောက်ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့အကြီးမားဆုံး မာရဝိဇယဘုရားကြီးဟာ  ကမ္ဘာပေါ်မှာအကြီးမားဆုံးထိုင်တော်မူရုပ်ပွားတော်မြတ်ကြီးဖြစ်ပါတယ်။ (၃၁)ကြိမ်မြောက်အာရှနဲ့ ပစိဖိတ်ဒေသတွင်း အင်ဂျင်နီယာများအသင်းချုပ်အထွေထွေညီလာခံအစည်းအဝေးမှာ အဖွဲ့အစည်း ၂၉ နိုင်ငံမှကိုယ်စားလှယ်တွေ တစုတစည်းတည်းရှိတဲ့အချိန် ဘုရားကြီးကိုလာရောက်လေ့လာကြတဲ့အခါ သူတို့ရဲ့

ထူးဆန်းအံ့သြဖွယ်များဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့အကြီးဆုံး၊ အမြင့်ဆုံး မာရဝိဇယထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဒီလိုအင်ဂျင်နီယာ အနုပညာလက်ရာများနဲ့ နိုင်ငံခြားသားအင်ဂျင်နီယာကိုယ်စားလှယ်များကို ပြသနိုင်တဲ့အတွက် မြန်မာနိုင်ငံသား အနေနဲ့ရော မြန်မာနိုင်ငံအင်ဂျင်နီယာကိုယ်စား ကျွန်တော့်အနေနဲ့ ဝမ်းသာဂုဏ်ယူမိပါတယ်။ ဘုရားကြီးစတင်သယ်ဆောင်လာပုံ အဆင့်ဆင့်ကို ရှင်းလင်းပြသတဲ့တာဝန်ရှိသူများ၊  ဘုရားကြီးကို လာရောက်ဖူးမြော်ဖို့အတွက် ပို့ဆောင်ပေးတဲ့တာဝန်ရှိသူများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျ။

Ms.Vali (The Institute of Engineering Malaysia)

ကျွန်မက မလေးရှားနိုင်ငံကလာတာပါ။ ကျွန်မတို့က 31st FEIAP General Assembly & 7th Special Disting-uished Lectures  တက်ရောက်ဖို့လာတာ ဖြစ်ပါတယ်။ ဒီနေရာကိုလာရတာ အရမ်းပျော်ပါတယ်။ ဒီနေရာကိုလာရတာ အရမ်းဝမ်းသာပြီး အံ့သြစရာကောင်းတာ တွေ့ရတယ်။ အထူးသဖြင့် ဒီနေရာက အေးချမ်းတယ်။ ဒီဗုဒ္ဓရုပ်ပွားတော်က သပ္ပာယ်လွန်းလှပြီး ကြည်ညိုစရာကောင်းပါတယ်။ ကျွန်မတို့ အလွန်နှစ်သက်မိပါတယ်။ ဒါ့ကြောင့် (၃၁)ကြိမ်မြောက် FEIAP အထွေထွေညီလာခံအပြင် (၇) ကြိမ်မြောက် ဂုဏ်ထူးဆောင်ဟောပြောပွဲကို တက်ရောက်ဖို့ ဖိတ်ကြားတဲ့  မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်တို့ကို  အထူးပဲကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံက  အလွန်သာယာပါတယ်။ ဘုရားကြီးဆောက်လုပ်မှုကို ကောင်းမွန်စွာ စီစဉ်ထားတာကိုတွေ့ရပါတယ်။ အင်ဂျင် နီယာပိုင်းဆိုင်ရာ  တွက်ချက်မှုကလည်း ကောင်းမွန်ပြီး အင်ဂျင်နီယာပိုင်းဆိုင်ရာ ရှုထောင့်တွေကို ကောင်းကောင်းမွန်မွန် ထည့်သွင်းအသုံးပြုထားတဲ့အပြင်   ဗုဒ္ဓဆင်းတုတော် ပင့်ဆောင်ခြင်း လုပ်ငန်းစဉ် ကိုလည်း အသေးစိတ်လေ့လာပြီး ပင့်ဆောင် ထားတာလို့သိရတယ်။ ဗုဒ္ဓရုပ်ပွားတော်ရဲ့ ဒီဇိုင်းပိုင်းကိုလည်း အလွန်လက်ရာမြောက်စွာ သေချာထုဆစ်ပုံဖော်ထားတာ တွေ့ရတယ်။ အဲ့ဒါက တကယ့်ကို အံ့သြစရာကောင်းပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။    ။

ပြည့်ဖြိုး၊ လဲ့ရည်လှိုင်