၂၀၂၃ ခုနှစ် စက်တင်ဘာလ(တတိယ) ၁၀ ရက်ပတ်အတွက် စိုက်ပျိုးရေးမိုးလေဝသခန့်မှန်းချက်

၂၀၂၃ ခုနှစ် စက်တင်ဘာလ(တတိယ) ၁၀ ရက်ပတ်အတွက် စိုက်ပျိုးရေးမိုးလေဝသခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော်အခြေအနေ

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်။ အနောက်တောင်မုတ်သုံလေသည် ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၂၂-၂၇)ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ လည်းကောင်း၊ စက်တင်ဘာလ ၂၈ ရက်မှ  အောက်တိုဘာလ ၃ ရက်အတွင်း မြန်မာ နိုင်ငံမြစ်ဝကျွန်းပေါ် ဒေသများမှလည်းကောင်း ဆုတ်ခွာ သွားဖွယ်ရာရှိသည်။ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် အားအနည်းငယ်မှ အားအသင့်အတင့်ရှိနိုင်သည်။

မိုးရွာသွန်းနိုင်မှုအခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ရွာသွန်းမြဲ ထက်ပိုနိုင်ပြီး ရခိုင်ပြည်နယ်တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်။

အမြင့်ဆုံးအပူချိန်အခြေအနေ

ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် ၇၁ ဒီဂရီဖာရင်ဟိုက် မှ ၈၀ ဒီဂရီဖာရင်ဟိုက်အတွင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ ပိုင်းနှင့်မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၈၁ ဒီဂရီဖာရင်ဟိုက်မှ ၉၀ ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နှင့် ကချင်ပြည်နယ်တို့တွင်  ၉၁ ဒီဂရီဖာရင်ဟိုက်မှ ၉၉ ဒီဂရီဖာရင်ဟိုက် အတွင်းရှိနိုင်သည်။

အနိမ့်ဆုံးအပူချိန်အခြေအနေ

ချင်းပြည်နယ်တွင် ၅၆ ဒီဂရီဖာရင်ဟိုက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်တောင်ပိုင်း)တို့တွင်   ၆၂ ဒီဂရီဖာရင် ဟိုက်မှ ၇၂ ဒီဂရီဖာရင်ဟိုက်အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်းနှင့်တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့်  မွန်ပြည်နယ်တို့တွင် ၇၃ ဒီဂရီဖာရင်ဟိုက်မှ ၈၃ ဒီဂရီဖာရင်ဟိုက်အတွင်း  ရှိနိုင်သည်။

လေထုစိုထိုင်းဆအခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် ၇၇ ရာခိုင်နှုန်းမှ ၈၈ ရာခိုင်နှုန်း အတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်  ၈၉ ရာခိုင်နှုန်းမှ ၉၉ ရာခိုင်နှုန်းအတွင်း အသီးသီး ရှိနိုင်သည်။

ပင်ငွေ့ရေငွေ့ပြန်နှုန်းအခြေအနေ

ပဲခူးတိုင်းဒေသကြီးတောင်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မွန်ပြည်နယ်တို့တွင် ၁၃ မီလီမီတာ မှ ၂၂ မီလီမီတာအတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူး တိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်အနောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင် ပြည်နယ်တို့တွင် ၂၃ မီလီမီတာမှ ၃၂ မီလီမီတာအတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊   မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ၃၃ မီလီမီတာမှ ၄၂ မီလီမီတာအတွင်း  အသီးသီး ရှိနိုင်သည်။

မြေဆီလွှာအောင်းရေအခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ရခိုင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (ပြည့်ဝ) အခြေအနေနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့ တွင် (စိုစွတ်)အခြေအနေ အသီးသီးရှိနိုင်သည်။

(မိုး/ဇလ)