ပင်လောင်းမြို့နယ်၊ လိန်းလီတံတားစစ်ဆေးရေးဂိတ်၌ မူးယစ်ဆေးဝါးသယ်ဆောင်လာသူ အား ဖမ်းဆီးရမိ

နေပြည်တော် ၊ သြဂုတ် - ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ လိန်းလီတံတားစစ်ဆေးရေးဂိတ်၌ သြဂုတ် ၁၀ ရက် ညနေ ၃ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် ပင်လောင်း-ပေါင်းလောင်း လမ်းကြောင်းအတိုင်း ဘစံ(ဘ) ဦးမောင်ကြီး မောင်းနှင်လာသည့် လိုက်ထရပ် မော်တော်ယာဉ်အမှတ်၊ MDY-2Q/--— အား ရပ်တန့် စစ်ဆေးရာ ယာဉ်ခေါင်မိုးပေါ်၌ အံဝှက်ပြုလုပ်၍ တင်ဆောင်လာသည့် ဘိန်းဖြူမှုန့် ဆပ်ပြာခွက် ၅၉၇ ခွက်(၆ ကီလို)နှင့် ဘိန်းမဲဆီ ၅ လီတာဆံ့ ၁ ဘူး (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၁၂၀၀ ကျော်)နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ မော်တော်ယာဉ်၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား ဖိုကုန်းနယ်မြေရဲစခန်းသို့ နစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။