တစ်ပတ်တာကာလအတွင်း အပြောင်းအလဲဖြစ်ပေါ်ခဲ့သော လယ်ယာထွက်ကုန်သီးနှံဈေးနှုန်းများ

တစ်ပတ်တာကာလအတွင်း  လယ်ယာထွက်ကုန်သီးနှံတွေဖြစ်တဲ့ ဆန်၊ စပါး၊ မတ်ပဲ၊ ပဲစင်းငုံနီ၊ ကုလားပဲနဲ့ ကြက်သွန်ဖြူတို့ရဲ့ ဈေးနှုန်းအတက်အကျတွေကို ဖော်ပြပေးလိုက် ပါတယ်။

ဆန်၊ စပါး

ဒီတစ်ပတ်မှာ ဆန်ချောဈေးတွေ ငြိမ်နေ ပြီး ဆန်ကြမ်းတချို့ ဈေးကျဆင်းနေပါတယ်။ နယ်ဈေးကွက်မှာ အဟောင်းလက်ကျန်တွေ မရှိတော့ဘဲ အသစ်တွေဝင်လာပြီဖြစ်ပါ တယ်။

ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်မှာ ဧည့်မထဆန်တစ်အိတ်ကို ငွေကျပ် ၂၄၀၀၀  ကနေ  ၂၅၀၀၀ ကြားရှိပြီး ငွေကျပ် ၂၅၀၀ ဈေးကျဆင်းသွားပါတယ်။  မြီးတုံးဆန် တစ်အိတ်ကို  ငွေကျပ်  ၃၁၅၀၀ ကနေ ၃၃၀၀၀ ကြားရှိပြီး ငွေကျပ်  ၅၀၀ ဈေး ကျဆင်းသွားပါတယ်။ တခြားဆန်ချောဈေး တွေကတော့ငြိမ်နေပါတယ်။ 

ဧရာဝတီတိုင်းဒေသကြီးဈေးကွက်မှာ ပထမတန်းစားဆန်တွေက အသစ်မထွက်သေးတဲ့အတွက် ဈေးလည်း ငြိမ်နေပါတယ်။ ဒုတိယတန်းစားစပါးတွေ  ဈေးကွက်ထဲကို ဝင်လာပြီဖြစ်ပါတယ်။

ပုသိမ်ဧည့်မထစပါး (မိုး၊၂၀၂၀) တင်း ၁၀၀ ကို ငွေကျပ် ၅၃၃၀၀၀ ရှိပြီး ဆန် တစ်အိတ်ကို  ငွေကျပ်   ၂၁၅၀၀  ရှိပါ တယ်။ မြောင်းမြဧည့်မထစပါး (မိုး၊၂၀၂၀) တင်း ၁၀၀ ကို ငွေကျပ် ၅၈၀၀၀၀ ရှိပြီး ဆန်တစ်အိတ်ကို  ငွေကျပ် ၂၁၅၀၀ ရှိပါတယ်။ ဖျာပုံဧည့်မထစပါး (မိုး၊၂၀၂၀) တင်း ၁၀၀ ကို ငွေကျပ် ၆၄၄၀၀၀ ရှိပြီး ဆန်က တော့ မထွက်သေးပါဘူး။ မအူပင်ဧည့်မထစပါး (မိုး၊၂၀၂၀)  တင်း ၁၀၀ ကို ငွေကျပ် ၅၅၂၀၀၀ ရှိပြီး ဆန် တစ်အိတ်ကို ငွေကျပ် ၂၀၀၀၀ ရှိပါတယ်။

 

မတ်ပဲ

ဒီတစ်ပတ်မှာ မတ်ပဲက ဈေးကျဆင်းသွားပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကတည်းက ဈေးကျဆင်းနေတာ ဖြစ်ပါတယ်။ ပြည်ပတင်ပို့မှုလည်း မရှိတဲ့အပြင် အိန္ဒိယနိုင်ငံမှာ ဈေးတွေကျဆင်းနေတဲ့အတွက်   ပြည်တွင်း မှာလည်း ဈေးကျဆင်းနေတာဖြစ် ပါတယ်။

လက်ရှိမှာ မတ်ပဲတစ်တန်ကို ငွေကျပ် ၁၀ သိန်းကျော်ရှိပေမယ့် ထပ်ပြီးဈေး တက်နိုင်ခြေရှိတယ်လို့   ကုန်သည်တွေက သုံးသပ်ထားပါတယ်။ ရန်ကုန်ဈေးကွက်မှာ   မတ်ပဲတစ်တန်ကို ငွေကျပ် ၁၀၅၀၀၀၀ ရှိပြီး ငွေကျပ် ၅၀၀၀၀  ကျော် ဈေးကျဆင်းသွားပါ တယ်။

မန္တလေးဈေးကွက်မှာ မတ်ပဲသုံးတင်း ဝင်တစ်အိတ်ကို ငွေကျပ် ၁၁၅၀၀၀ ရှိပြီး ငွေကျပ် ၇၀၀၀ လောက် ဈေးကျဆင်းသွားပါ တယ်။ မုံရွာဈေးကွက်မှာ မတ်ပဲတစ်တင်းကို ငွေကျပ် ၃၇၀၀၀ ကနေ ၃၈၀၀၀ ကြား ရှိပြီး ငွေကျပ် ၂၀၀၀ ဈေးကျဆင်းသွားပါတယ်။

မော်လမြိုင်ဈေးကွက်မှာ မတ်ပဲတစ်တင်းကို ငွေကျပ်  ၃၆၀၀၀  ရှိပြီး ငွေကျပ် ၅၀၀၊ ပြည်ဈေးကွက်မှာ  မတ်ပဲ တစ်တင်းကို ငွေကျပ် ၃၆၃၀၀ ရှိပြီး ငွေ ကျပ် ၅၀၀ အသီးသီးဈေးကျဆင်းသွားပါတယ်။

 

ပဲစင်းငုံနီ

ပဲစင်းငုံနီကလည်း ပြီးခဲ့တဲ့တစ်ပတ်ကတည်းက ဈေးကျဆင်းသွားတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက တင်ပို့မှုကို ရက်ထပ် တိုးပေးပေမယ့် ပြည်တွင်းမှာပဲလက်ကျန်မရှိတဲ့အပြင် အိန္ဒိယနိုင်ငံမှာလည်း ပဲဈေး ကျဆင်းနေတာ ကြောင့် ဈေးကျဆင်းနေတာ ဖြစ်ပါတယ်။

သင်္ဘောတင်ပို့မှုကလည်း မရှိတော့တဲ့ အတွက် ကုန်သည်တွေက ဈေးအများကြီး  ပေးဝယ်ယူတာမရှိတော့ဘဲ    လက်ကျန် လောက်ကိုပဲ ဈေးချဝယ်ယူနေတာကြောင့် ဆက်ပြီး ဈေးကျဆင်းနေတာဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီတစ်တန် ကို ငွေကျပ်  ၉၀၇၅၀၀ ရှိပြီး  ပြီးခဲ့တဲ့ တစ်ပတ်နဲ့နှိုင်းယှဉ်ရင်  ငွေကျပ် ၂၀၀၀၀ နီးပါး ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီ သုံးတင်းဝင်တစ်အိတ်ကို ငွေကျပ် ၈၅၅၀၀ ကနေ ၈၆၀၀၀ ကြားရှိပြီး ငွေကျပ် ၁၀၀၀ ဈေးကျဆင်းသွားပါတယ်။

မုံရွာဈေးကွက်မှာ ပဲစင်းငုံနီတစ်တင်းကို ငွေကျပ် ၂၈၅၀၀ ရှိပြီး ငွေကျပ် ၂၀၀ ဈေး ကျဆင်းသွားပါတယ်။ ပြည်ဈေးကွက်မှာ ပဲစင်းငုံနီတစ်တင်းကို ငွေကျပ် ၂၉၀၀၀ နဲ့ ဈေးငြိမ်ပါတယ်။

 

ကုလားပဲ

ကုလားပဲကတော့ ဒီတစ်ပတ် ရန်ကုန် ဈေးကွက်မှာ ဈေးကျဆင်းသွားပြီး နယ်ဈေးကွက်တွေမှာတော့ ပြီးခဲ့တဲ့တစ်ပတ်ကတည်းက ဈေးကျဆင်းနေတာဖြစ်ပါတယ်။ ပြည်ပတင်ပို့မှုမရှိတဲ့အပြင် ပြည်တွင်းဝယ်ယူမှု လည်း အေးသွားတဲ့ အတွက် ဈေးကျဆင်းသွားတာဖြစ်ပါတယ်။

လက်ရှိမှာ မျိုးပဲတွေဈေးကောင်းရနေပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကုလားပဲ လုံးဖြူတစ်ပိဿာကို ငွေကျပ် ၁၅၀၀ ကနေ ၁၅၅၀  ကြားရှိပြီး  ငွေကျပ်  ၃၅ ကျပ်၊ ကုလားပဲလုံးဖြူကြီးတစ်ပိဿာကို ငွေကျပ် ၁၆၃၀ ကနေ ၁၇၀၀ ကြားရှိပြီး ငွေကျပ် ၃၅ ကျပ် ဈေးကျဆင်းသွားပါတယ်။ ကုလားပဲခြမ်းတစ်ပိဿာကို ငွေကျပ် ၂၁၂၅ ကျပ်ကနေ ၂၂၀၀  ကြားရှိပြီး  ငွေကျပ် ၅၀ ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာ ကုလားပဲ(ထိုင်ဝမ်) သုံးတင်းဝင်တစ်အိတ်ကို ငွေကျပ် ၈၀၀၀၀ ကနေ ၈၂၀၀၀ ကြားရှိပြီး ငွေကျပ် ၃၀၀၀၊ ကုလားပဲ  V7  သုံးတင်းဝင်တစ်အိတ်ကို ငွေကျပ် ၉၃၀၀၀ ရှိပြီး ငွေကျပ် ၂၀၀၀၊ ကုလားပဲ ၉၂၉  သုံးတင်းဝင်တစ်အိတ်ကို  ငွေကျပ် ၈၃၀၀၀ ကနေ ၈၄၀၀၀  ကြား ရှိပြီး  ငွေကျပ်  ၆၀၀၀  အသီးသီးဈေး ကျဆင်းသွားပါတယ်။

ကုလားပဲ V2 ကလည်း သုံးတင်းဝင် တစ်အိတ်ကို ငွေကျပ် ၉၀၀၀၀ ရှိပြီး ငွေကျပ် ၇၀၀၀ နီးပါး ဈေးကျ ဆင်းသွား ပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲ (ထိုင်ဝမ်)တစ်တင်းကို ငွေကျပ် ၂၇၀၀၀ ရှိပြီး ငွေကျပ် ၁၈၀၀၊ ကုလားပဲ  ၉၂၉ တစ်တင်း ကို ငွေကျပ် ၂၇၃၀၀ ရှိပြီး ငွေကျပ် ၂၇၀၀၊  ကုလားပဲ V2 တစ်တင်းကို  ငွေကျပ် ၃၀၀၀၀ ရှိပြီး ငွေကျပ် ၁၀၀၀ အသီးသီး ဈေးကျဆင်းသွားပါတယ်။

 

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ(ကြူကုတ်)က ပြီးခဲ့တဲ့တစ်ပတ်က ဈေးတက်ပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးပြန်လည် ကျဆင်းသွားပါတယ်။   ကြက်သွန်ဖြူ(ရှမ်း)ကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ ဝယ်ယူမှုများပြီး  ဈေးကွက်ထဲ အဝင်နည်းတဲ့အတွက်  ဈေးတက်လာတာဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာကို ငွေကျပ် ၁၈၇၅ ကျပ်ရှိပြီး ငွေကျပ် ၂၅ ကျပ် ဈေးကျဆင်းသွားပါတယ်။ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာကို ငွေ ကျပ် ၂၀၀၀ ကနေ  ၂၈၅၀  ကြားရှိပြီး ငွေကျပ် ၄၅၀ ဈေးတက်လာပါတယ်။

ဝတ်ရည်မွန်(AMIA)