ရှေးကပညာရှင်တွေဟာ သူတို့ခေတ်အတွက် လှေကားထစ်ကောင်းကောင်းခင်းသွားသလို ကျွန်တော်တို့ ကလည်းပဲ ကျွန်တော်တို့ခေတ်အတွက် လှေကားထစ်ကောင်းကောင်းခင်းရမယ်လို့ နမူနာရတာပေါ့။

ရှေးကပညာရှင်တွေဟာ သူတို့ခေတ်အတွက် လှေကားထစ်ကောင်းကောင်းခင်းသွားသလို ကျွန်တော်တို့ ကလည်းပဲ ကျွန်တော်တို့ခေတ်အတွက် လှေကားထစ်ကောင်းကောင်းခင်းရမယ်လို့ နမူနာရတာပေါ့။

ဒေါက်တာတိုးလှ ဒုတိယဥက္ကဋ္ဌ

(မြန်မာ့သမိုင်းအဖွဲ့)

စာဆိုတော် ရှင်မဟာရဋ္ဌသာရဖွားမြင်ခဲ့တာ ၁၄၆၈ ကနေ စတင်ရေတွက်ရင် ယခုနှစ် သြဂုတ်လ(၁) ရက်မှာ မွေးနေ့ ၅၅၅ နှစ် တိုင်ခဲ့ပြီဖြစ်ပြီ။ ဆရာတော်ရဲ့ မြန်မာစာပေအပေါ် ဂုဏ်ကျေးဇူးကြီးမားလှ ပုံကို မမေ့လျော့တဲ့အနေနဲ့ ယခုလို စာဆိုတော် ရှင်မဟာရဋ္ဌသာရ ၅၅၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အဖြစ် စာတမ်းဖတ်ပွဲ၊ ပြခန်းငယ်နဲ့ ဆရာတော်ဂုဏ်ပြုဘဝဖြစ်စဉ်တေးသရုပ်ဖော်တို့နဲ့ ခမ်းခမ်းနားနား တင်ဆက်ခွင့်ရခဲ့ပြီး  အနာဂတ်မျိုးဆက်သစ်လူငယ်များ မြန်မာစာကို ချစ်ခင်မြတ်နိုး တန်ဖိုးထားတတ် လာစေရန်၊ မြန်မာစာပေသမိုင်းကြောင်းမှာ အင်းဝခေတ်စာပေပညာရှင်များကို ဖော်ထုတ်ဂုဏ်ပြုရာမှာ    ဂုဏ်ကျေးဇူးကြီးမားလှသော ဆရာတော်ရှင်မဟာရဋ္ဌသာရရဲ့ ဂုဏ်ကျေးဇူးကိုသိရှိနိုင်စေရန် စသည့် ရည်ရွယ်ချက်များနှင့် ကျင်းပရခြင်းဖြစ်ပြီး အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသောသူများအား မေးမြန်းခဲ့ရာတွင်-

ဒေါက်တာတိုးလှ ဒုတိယဥက္ကဋ္ဌ(မြန်မာ့ သမိုင်းအဖွဲ့)

နှစ် ၅၀၀ ပြည့်တုန်းကလည်း အင်းဝမှာ စာတမ်းဖတ်ခဲ့ဖူးပါတယ်။ အထက် မြန်မာပြည်အနေနဲ့ပေါ့။ အောက်မြန်မာပြည်အနေနဲ့လည်း ဖတ်ခဲ့ဖူးတယ်လို့ထင်ပါတယ်။ ရှင်မဟာရဋ္ဌသာရရဲ့ နှစ် ၅၀၀ ပြည့် စာတမ်းတွေကိုလည်း စာအုပ်အနေနဲ့ ထုတ်ဝေခဲ့ဖူးပါတယ်။ အခုတော့ ၅၅၅ နှစ်ပြည့်ဆိုတော့ ၅၅ နှစ်ကြာခဲ့ပြီပေါ့။ ဆရာတော်က ကလေးတွေကို လက်သစ်တောင်သာ ဆုံးမစာနဲ့ဆုံးမခဲ့တယ်။ အဲ့ဒီထဲမှာ ကဗျာပေါင်း ၅၃ ခု ပါပါတယ်။ အစကနေအဆုံးထိဟာ အကုန်မှတ်သားစရာတွေချည်းပါပဲ။ ဘယ်ဟာမှ လိုလေသေးမရှိအောင်၊ ကလေးအရွယ်နဲ့လိုက်အောင်၊ ကလေးကိုငါးပါးသီလမြဲအောင်  ဆရာတော်က ပကတိမြန်မာစကားနဲ့ပဲရေးထားပါတယ်။ ပါဠိစာလုံးကို အတတ်နိုင်ဆုံး ရှောင်ပြီးမှထည့်ပါတယ်။ ဆရာတော်ရဲ့ စိတ်ထဲမှာ သူဆုံးမတဲ့အတိုင်း လူတွေကလည်းလိမ္မာသွားမယ်လို့ သူယုံကြည်ထားတယ် ပေါ့လေ။ သို့သော်လည်းပဲ မလိုက်နာတဲ့သူလည်း ရှိမှာပဲဆိုပြီး ကြောင့်ကြမိကြောင်းကို   သူ့ရဲ့ဆုံးမစာ တွေထဲမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။ အဲဒါကြောင့် ရှင်မဟာရဋ္ဌသာရရဲ့ဆုံးမစာတွေဟာ ကျွန်တော် တို့အဖို့တော့ အလွန် ကောင်းပါတယ်။ ကောင်းပေမယ့် လူငယ်တွေကြားထဲ သိဖို့ဆိုတာ တော်တော် ခက်ပါတယ်။ ကျောင်းသင်ခန်းစာတွေထဲမှာ ထည့်ပြီး သင်နိုင်မှကောင်းမှာပါ။ ကျွန်တော်တို့ တုန်းက ၁၂ နှစ်အရွယ်ဆိုရင် ဆယ်စောင်တွဲဆိုတဲ့စာအုပ်မှာ နောက်ဆုံးကိုးခုမြောက်မှာ ရှင်မဟာရဋ္ဌသာရရဲ့  ဆုံးမစာပါတယ်။ စာဆိုတော်နေ့ဆိုတာ စာဆိုတော်ကြီးတွေကို ဂုဏ်ပြုရာရောက်သလိုပဲ စာဆိုတော်ကြီး တွေက သူတို့ခေတ်သူတို့အခါကနေ ကြည့်မြင်၊ သိမြင်ပြီး ရေးခဲ့တဲ့စာတွေဟာ ယနေ့ခေတ်ထိအောင်     ဘယ်လောက် ကောင်းတာ တွေ့နိုင်ပါတယ်။ သူတို့ခေတ်နဲ့ ကျွန်တော်တို့ခေတ်ကို နှိုင်းယှဉ်လေ့လာ ကြည့်လို့လည်းရတော့ တိုးတက်မှုတွေဟာ လှေကားထစ်တွေလိုပဲ တစ်ထစ်ပြီးတစ်ထစ် တက်မှရတာ ဆိုတော့ ရှေးကပညာရှင်တွေဟာ သူတို့ခေတ်အတွက် လှေကားထစ်ကောင်းကောင်းခင်းသွားသလို ကျွန်တော်တို့ကလည်းပဲ ကျွန်တော်တို့ခေတ်အတွက် ၏ လှေကားထစ်ကောင်းကောင်းခင်းရမယ်လို့ နမူနာရတာပေါ့။  အခုခေတ်လူငယ်တွေအနေနဲ့ ဖတ်သင့်မှတ်သင့်တဲ့စာတွေကို အမြဲမပြတ် ဖတ်နေ မှတ်နေဖို့လိုပါတယ်။ ဒါကလည်း ဆရာတော်ရဲ့ဆုံးမစကားပါပဲ။ လူတွေက တစ်သက်လုံး ပညာတွေ သင်သွားဖို့လိုပါတယ်။ တချို့က စာပေတွေထဲကနေ ပညာသင်သွားကြသလို တချို့ကလည်း ဘဝထဲက နေ ပညာတွေသင်သွားကြတာပေါ့။ ဘယ်ကနေပဲသင်သင် ကိုယ့်ဘဝ ကိုယ့်လမ်းကြောင်းသွားတဲ့ နေရာမှာ ကိုယ်သည် တစ်ယောက်တည်းမဟုတ်ဘူး။ အများနဲ့လိုက်လျောညီထွေ ကျင့်တတ်၊ နေတတ်၊ လုပ်ဆောင်တတ်တဲ့ အသိတော့ရသွားတာပေါ့။

ဒေါက်တာလဲ့လဲ့ဝင်း ညွှန်ကြားရေးမှူး

(သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့် တိုက်ဦးစီးဌာန)

ဖတ်ကြားတဲ့ စာတမ်းခေါင်းစဉ်ကတော့ စာဆိုရှင် ရှင်မဟာရဋ္ဌသာရ(သမိုင်းအမြင်ဖြင့် လေ့လာခြင်း)ပဲ ဖြစ်ပါတယ်။ ကျွန်မရဲ့စာတမ်းမှာ ခေါင်းစဉ်ငယ်ခြောက်ခုနဲ့တင်ပြ သွားမှာဖြစ်ပါတယ်။  အဓိကကတော့ ဆရာတော်ရဲ့အတ္ထုပ္ပတ္တိ၊  ဆရာတော် ရေးသားခဲ့တဲ့ ပျို့၊ အလင်္ကာ၊ ဆရာတော်ရဲ့ စာပေတွေ၊ ဆရာတော် ပျံလွန်တော်မူတာ၊ နောက်တစ်ခါ ဒီစာတမ်းမှာ ပျို့၊ အလင်္ကာတွေနဲ့ပတ်သက်ပြီး မြန်မာစာပေ အထောက်အထားသာမက ကျွန်မက သမိုင်းသမားဖြစ်တဲ့အတွက် သမိုင်းအမြင်နဲ့လည်း တင်ပြထား ပါတယ်။ သမိုင်းအမြင်နဲ့ ဘယ်လိုတင်ပြမလဲဆိုတော့ ဆရာတော်က  အင်းဝခေတ်မှာပေါ်ထွန်းခဲ့တဲ့ စာဆိုတော်တစ်ဦး ဖြစ်တယ်။ အင်းဝခေတ်မှာ အုပ်ချုပ်တဲ့မင်း၊ အင်းဝခေတ်ရဲ့ နိုင်ငံရေး အခြေအနေ တွေကို ကျွန်မတင်ပြမှာဖြစ်ပါတယ်။ ဒီစာတမ်းဖတ်ပွဲက   နိုင်ငံတော်အဆင့်ကျင်းပတဲ့ စာတမ်းဖတ်ပွဲပါ။ ကျွန်မအနေနဲ့ ဒီပွဲမှာ စာတမ်းဖတ်ကြားခွင့်ရတဲ့အတွက် အထူးပဲ ဝမ်းသာဂုဏ်ယူပါတယ်ရှင်။  ဘာဖြစ်လို့လဲ ဆိုရင် ဆရာတော်က အင်းဝခေတ်မှာ ထင်ရှားကျော်ကြားခဲ့တဲ့ စာဆိုတော်တစ်ဦး ဖြစ်ပါတယ်။ အခုထိလည်း ဆရာတော် ရေးသားခဲ့တဲ့စာပေတွေကို ဆက်လက်ပြီး သုံးစွဲနေရပါတယ်။ နာခံနေရပါတယ်။ လေ့လာလိုက်စားနေရပါတယ်။ ဒါကြောင့်မို့ ဆရာတော်ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားချင်ပါတယ်ရှင်။

ဦးအမ်းယုမောင် (မောင်လူမွှေး-မြန်မာမှု)

ဒီအခမ်းအနားကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာစာပေလောကမှာ အထင်ကရဖြစ်တဲ့ ပုဂ္ဂိုလ်ကြီး ကို ပြန်လည်ဖော်ထုတ်တဲ့ သဘောပေါ့။ သမိုင်းကြောင်းကတော့ ရှင်မဟာရဋ္ဌသာရဆိုရင် အားလုံး သိကြမှာပေါ့နော်။  အဲဒီဟာကို စာပေအနေနဲ့ ဘယ်လိုရှိတယ်၊ ဘယ်လောက်နက်နဲတယ်ဆိုတာကို သိစေချင်လို့ နိုင်ငံတော်က လုပ်တဲ့သဘောပါပဲ။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ခါတိုင်းလည်း လုပ်လို့ မရပါဘူး။ နှစ် ၄၀၀၊ နှစ် ၅၀၀ ပြည့် စသဖြင့် ရာပြည့်တွေမှာမှ အထိမ်းအမှတ်လုပ်ဖြစ်ကြတာကိုး။ အခုက ၅၅၅ နှစ်ပြည့် အထိမ်းအမှတ် လုပ်တဲ့အခါက အလွန်အားသာမှုရှိတဲ့အချိန်ပါပဲ။ ကျွန်တော့်အနေနဲ့ ဒီနေ့ အခမ်းအနားမှာ  ရှင်မဟာရဋ္ဌသာရရဲ့ သံဝရပျို့လာ သင်ရိုးဆိုင်ရာနဲ့ပတ်သက်ပြီး ဘယ်လိုရေးထားတယ် ဆိုတာကို စာတမ်းဖတ်ကြားမှာပါ။ သင်ပုန်းကြီးသင်ရိုးပေါ့။ ဆရာတော်ရဲ့စာပေတွေဟာ ယနေ့ထိ တိုင်လည်း မရိုးသေးပါဘူး။ နောင်အနာဂတ်မှာလည်း  အမြဲတမ်းကျင့်သုံးသွားနိုင်တဲ့ သဘောတရား ရှိပါတယ်။ ဆရာတော်ရဲ့စာပေဟာ နှစ်ပေါင်းများစွာတည်တံ့နေတဲ့ စာပေဖြစ်တယ်လို့ ပြောချင်ပါတယ်။ နောင်အနာဂတ်လူငယ်တွေဟာ ဒါကို လေ့လာလိုက်စားပြီးတော့ ကျင့်သုံးနိုင်ရင် တိုင်းပြည်သာယာ ဝပြော မယ်လို့ ယူဆပါတယ်။

ဒေါက်တာသိန်းလွင် ဒုတိယညွှန်ကြား

ရေးမှူးချုပ် (ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန)

ရှင်မဟာရဋ္ဌသာရစာဆိုတော်ကြီးရဲ့ ၅၅၅ နှစ်မြောက်ပွဲ အခမ်းအနားမှာ ရှေးဟောင်းသုတေသနနှင့်  အမျိုးသားပြတိုက်ဦးစီးဌာနက ပြခန်းကို ပါဝင်ခင်းကျင်း ပြသထားပါတယ်။ ပြခန်းခင်းကျင်းထားတဲ့ ရည်ရွယ်ချက်ကတော့ ရှင်မဟာရဋ္ဌသာရရဲ့ ထေရုပ္ပတ္ထိ၊ ဆရာတော်ကြီးရဲ့ အသုံးပြုခဲ့တဲ့သပိတ်၊ စေတီ များ စတဲ့မှတ်တမ်းဓာတ်ပုံများ၊ ဆရာတော်ကြီးရေးသားခဲ့တဲ့ စာပေကဘာလဲစသဖြင့် ဆရာတော် ကြီးနဲ့ခေတ်ပြိုင် အင်းဝခေတ်စာဆိုတွေ၊ ဆရာတော်ကြီးရဲ့၅၅၅ နှစ်မြောက်ပွဲ အခမ်းအနား ပြုလုပ်ရခြင်း အကြောင်းတွေကို အခန်းငါးခန်းခွဲပြီး ခင်းကျင်းပြသထားပါတယ်။ ဒီလိုပြုလုပ်ခြင်း အားဖြင့် ဆရာတော်ကြီးရဲ့ အကြောင်းအရာတွေကို လူငယ်တွေ ထဲထဲဝင်ဝင်သိစေချင်တဲ့ အတွက်လည်း ဖြစ်ပါတယ်။ လူငယ်လူရွယ်တွေအတွက် ဆရာတော်ကြီးက ဆုံးမ စာတွေကို ရေးခဲ့ပါတယ်။ ပညာသင်ကြားတဲ့အရွယ်မှာ ပညာသင်ကြားပြီး ကြီးပြင်းသွားတော့လည်း လူမှုပတ်ဝန်းကျင်မှာလည်း ဘယ်လိုနေထိုင်ကျင့်သုံးရမလဲဆိုတဲ့ ဆုံးမစာများလည်း ရေးသားထားကိုလည်း တွေ့ရပါတယ်။ ဆုံးမစာတွေ၊ ရတု၊ ပျို့တွေထဲမှာလည်း ရေးသားထားတာတွေ့ခဲ့ပါတယ်။ ဥပမာ - “တစ်ယောက်စကား၊ တစ်ယောက်နားမှာ မခါးရအောင်၊ မောင်တို့ဆိုလေ သတိဆောင်၍ ပျားသကာသို့ ချိုလှစေ” ဆိုတဲ့ ဆုံးမစာလည်း ရေးသားထားခဲ့ပါတယ်။ ဒီလို စကားပြောဆိုခြင်းအားဖြင့် အောင်မြင်မှုများစွာ ရရှိနိုင် ပါတယ်။ ဒါကအချက်တစ်ချက်ကလေးပဲ ပြောထားခြင်းဖြစ်ပါတယ်။ မိဘဘိုးဘွား၊ ဆရာသမား၊ လူကြီး သူမတွေကို ရိုသေလေးစားပြီး ယဉ်ကျေးလိမ္မာစွာ ပြုမူပြောဆိုနေထိုင်ကြရမယ်ဆိုတာ ဆုံးမစာဖြင့် ရေးသားထားပါတယ်။ နိုင်ငံတော်အစိုးရက စာဆိုတော်ကြီး တွေရဲ့ပွဲတွေကို ကျင်းပလေ့ရှိပါတယ်။ အမျိုးသား စာဆိုတော်နေ့၊ အမျိုးသားဆုနှင်းသဘင်တွေကိုလည်း ကျင်းပပေးတယ်။ ဒီလိုအခမ်းအနား မျိုးတွေကို ကျင်းပခြင်းအားဖြင့်  မျိုးဆက်သစ်လူငယ်တွေကို ရှေးခေတ်စာပေပညာ ဗဟုသုတများကို သိစေချင်ပါတယ်။

ဦးအောင်မြင့်၊  ညွှန်ကြားရေးမှူးချုပ်

(သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန)

သမိုင်းသုတေသနနှင့်အမျိုးသားစာပေဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေပါတယ်။  ရှင်မဟာရဋ္ဌသာရရဲ့ ၅၅၅ နှစ်မြောက်မွေးနေ့စာတမ်းဖတ်ပွဲကို ဆရာတော်ကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့အခမ်းအနားကို ပြုလုပ်ခြင်းဖြစ်ပါတယ်။ ဆရာတော်ကြီးက ကျွန်တော်တို့နိုင်ငံကို ခေတ်စမ်းစာပေပေါ်ပေါက်လာအောင် ပြုလုပ်ခဲ့ပါတယ်။ ဒီဘက်မှာရှိတဲ့ ပျို့၊ အလင်္ကာနဲ့ ကဗျာတွေကိုလည်းပေါ်ပေါက်နိုင်အောင် ဆောင်ရွက် ခဲ့တဲ့ ထူးခြားတဲ့ ဆရာတော်ကြီးဖြစ်ပါတယ်။ ပြခန်းကို အပိုင်းငါးပိုင်းနဲ့ ခင်းကျင်းထားပါတယ်။ အထူးသဖြင့်  ဆရာတော်ကြီးရဲ့ ဘဝအကြောင်းအရာတွေ၊ ဆရာတော်ကြီးရဲ့ မှတ်တမ်းဓာတ်ပုံတွေ၊  ဆရာတော်ကြီးရဲ့ ခေတ်ပြိုင်စာဆိုတော်တွေကိုလည်း ခင်းကျင်းပြသထားပါတယ်။ ဆရာတော်ကြီး ရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်အကြောင်းအရာ မျိုးစုံ ပျို့၊ ကဗျာ၊  အလင်္ကာ စတဲ့ကဏ္ဍမျိုးစုံတို့ကို   အသေးစိတ်ခင်းကျင်း ပြသထားပါတယ်။ စာပေပညာတွေနဲ့ ပတ်သက်တာတွေကိုလည်း ခင်းကျင်းပြသ ထားပါတယ်။ အဓိက ကတော့ ဆရာတော်ကြီးရဲ့စာပေကျေးဇူးတွေကို အထူးဖော်ညွှန်းခြင်းဖြစ်ပါတယ်။ မြန်မာစာပေ တစ်ခေတ်ဆန်းတာနဲ့ပတ်သက်ပြီး ထူးခြားဂုဏ်ပြုသင့်တဲ့ ဆရာတော်ကြီး တစ်ပါးလည်း ဖြစ်ပါတယ်။ မြန်မာစာပေ ချစ်မြတ်နိုးသူတွေပေါ်ပေါက်အောင် ဒီလိုမျိုးအခမ်းအနား ကျင်းပတာဖြစ်တဲ့ အတွက် အများကြီး ဂုဏ်ယူဝမ်းမြောက်မိပါတယ်။   ။               

လဲ့ရည်လှိုင်