ကစားသမားများအတွက် ငွေကြေးသုံးစွဲမှုအများဆုံး ကလပ်အသင်းစာရင်းတွင် ချယ်လ်ဆီးအသင်းကို ကျော်ဖြတ်ပြီး မန်ယူအသင်း ထိပ်ဆုံး၌ရပ်တည်

ကစားသမားများအတွက် ငွေကြေးသုံးစွဲမှုအများဆုံး ကလပ်အသင်းစာရင်းတွင် ချယ်လ်ဆီးအသင်းကို ကျော်ဖြတ်ပြီး မန်ယူအသင်း ထိပ်ဆုံး၌ရပ်တည်

မန်ချက်စတာ၊ ဘောလုံး

လက်ရှိအချိန် ကစားသမားများအတွက် ငွေကြေးသုံးစွဲမှုအများဆုံး ကလပ်အသင်းစာရင်းတွင် ချယ်လ်ဆီး အသင်းကိုကျော်ဖြတ်ပြီး မန်ယူအသင်းက ထိပ်ဆုံး၌ ရပ်တည်နေကြောင်း သိရသည်။

မန်ယူအသင်းသည် နောက်ပိုင်းနှစ်များတွင် အောင်မြင်မှုများနှင့် ဝေးကွာခဲ့ရသော်လည်း အပြောင်း အရွှေ့ကာလများတွင် ကစားသမားများကို မြင့်မားသည့် ပြောင်းရွှေ့ကြေးအသုံးစရိတ်များဖြင့် ခေါ်ယူ ခဲ့သောကြောင့် လက်ရှိအချိန်တွင် ကစားသမားများ အတွက် ငွေကြေးသုံးစွဲမှု အများဆုံးအသင်းစာရင်း တွင် ထိပ်ဆုံးမှရပ်တည်နေခြင်း ဖြစ်သည်။

မန်ယူအသင်းသည် နည်းပြတန်ဟတ်လက်ထက် ပြီးခဲ့သည့် အပြောင်းအရွှေ့ကာလများတွင် ကက်စ်မဲရိုး၊  မေဆင့်မောင်၊ ဟိုက်လန်း၊ အန်တိုနီ စသည့် ကစားသမားများ ခေါ်ယူမှုအတွက် အသုံးစရိတ် စတာလင်ပေါင်  ၁ ဒသမ ၁၅ ဘီလီယံအထိ အသုံးပြုခဲ့ပြီး ငွေကြေးသုံးစွဲမှုအများဆုံး အသင်းအဖြစ် ရပ်တည်ခဲ့ခြင်း ဖြစ်သည်။

ကစားသမားများအတွက် ငွေကြေးသုံးစွဲမှုအများ ဆုံးကလပ်အသင်းစာရင်းတွင် မန်ယူအသင်းနောက်၌ ချယ်လ်ဆီးအသင်းက အဆင့်(၂)နေရာတွင် ရပ်တည်နေပြီး ချယ်လ်ဆီးအသင်းသည် အသင်းပိုင်ရှင်တော့ ဘိုလီလက်ထက် ကစားသမားများခေါ်ယူရာတွင် စံချိန်တင်ပြောင်းရွှေ့ကြေးများ အသုံးပြုခဲ့ကာ  စတာလင်ပေါင် ၁ ဒသမ ၁၃ ဘီလီယံဖြင့် အဆင့်(၂)နေရာ၌ ရပ်တည်နေသည်။

မန်ယူအသင်းနှင့် ချယ်လ်ဆီးအသင်းတို့နောက်တွင် မန်စီးတီးအသင်းက စတာလင်ပေါင် ၁ ဒသမ ၀၄ ဘီလီယံ၊ ပီအက်စ်ဂျီအသင်းက စတာလင်ပေါင် ၁ ဘီလီယံ၊ အာဆင်နယ်အသင်းက စတာလင်ပေါင် ၈၃၆ သန်း၊ စပါးအသင်းက စတာလင်ပေါင် ၈၂၉ သန်း၊ လီဗာပူးအသင်းက စတာလင်ပေါင် သန်း ၇၇၀၊ ရီးယဲလ်မက်ဒရစ်အသင်းက စတာလင်ပေါင် ၇၀၈ သန်း၊ နယူးကာဆယ်အသင်းက စတာလင်ပေါင် ၆၆၁ သန်း၊ ဝက်စ်ဟမ်းအသင်းက စတာလင်ပေါင် ၅၀၅ သန်းဖြင့် အသီးသီး ရပ်တည်ခဲ့ကြကြောင်း သိရသည်။

Ref;Transfer Market