မြန်မာအသင်း အကောင်းဆုံးအုပ်စု တတိယနေရာလေးသင်းစာရင်းဝင်ကာ အာရှအားကစားပြိုင်ပွဲ ၁၆ သင်းအဆင့်သို့ တက်ရောက်

မြန်မာအသင်း အကောင်းဆုံးအုပ်စု တတိယနေရာလေးသင်းစာရင်းဝင်ကာ အာရှအားကစားပြိုင်ပွဲ ၁၆ သင်းအဆင့်သို့ တက်ရောက်

နေပြည်တော် စက်တင်ဘာ ၂၄

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပွဲတော် Asian Games Hangzhou 2022 ပြိုင်ပွဲမှ အမျိုးသား ယူ ၂၄ ဘောလုံးပြိုင်ပွဲ အုပ်စု(က) နောက်ဆုံးပွဲစဉ်အဖြစ် ယနေ့ညပိုင်းတွင် မြန်မာယူ ၂၄ လက်ရွေးစင်အမျိုးသားအသင်းနှင့် အိန္ဒိယအမျိုးသားအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ တစ်ဂိုးစီသရေရလဒ်ဖြင့် မြန်မာအသင်းသည် တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး              ရမှတ် လေးမှတ်ဖြင့် အုပ်စုတတိယရခဲ့ပြီး အကောင်းဆုံး အုပ်စုတတိယ(၄)သင်း စာရင်းဝင်ခဲ့ကာ (၁၆)သင်း အဆင့်သို့ တက်ရောက်ခဲ့သည်။

မြန်မာအသင်းမှာ ဟိန်းဇေယျာလင်း၊ ဇွဲခိုင်မင်း၊ ကောင်းထက်ပိုင်း၊ နေမိုးနိုင်၊ အာကာကျော်၊  ဇော်ဝင်းသိန်း၊  ဥက္ကာနိုင်၊ ထက်ဖြိုးဝေ အစရှိသည့်ကစားသမားများ ဖြင့်ပွဲထွက်ကစားခဲ့ရာပထမပိုင်းတွင် မြန်မာအသင်းအနေဖြင့် အကောင်းဆုံကြိုးစား ကစားခဲ့သော်လည်း နောက်တန်းမှ အိန္ဒိယအသင်း ကစားသမားအား ဂိုးဧရိယာအတွင်းတွင် ဝင်ရောက်မှုကြမ်းတမ်းသည့်အတွက် ပင်နယ်တီ အပေးခံခဲ့ ရပြီး ပထမပိုင်းတွင် တစ်ဂိုး ဂိုးမရှိ ရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်းတွင် မြန်မာအသင်းမှာ ချေးပဂိုးရရှိရန်အတွက် ကစားသမား အပြောင်း အလဲလုပ်ကာ ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲကစားချိန် ၇၄မိနစ်တွင် ရန်ကျော်ထွေး ခေါင်းတိုက်သွင်းယူမူကြောင့် တစ်ဂိုးစီ သရေ ရလဒ်ထွက်ပေါ်ကာ ဒုတိယပိုင်းပြီးဆုံးသည်။

မြန်မာအသင်းအနေဖြင့် ၁၉၇၄ နောက်ပိုင်း အာရှအားကစားပြိုင်ပွဲ ၁၆ သင်း အဆင့်သို့ နှစ်ပေါင်း ၄၀ ကျော်အကြာတွင် ပြန်လည်တက်ရောက်နိုင်ခဲ့ပြီး မြန်မာအသင်းသည် (၁၆)သင်းအဆင့်တွင် အုပ်စု(D) ပထမနှင့် ရင်ဆိုင်ရမည်ဖြစ်သောကြောင့် ဂျပန်နှင့် တွေ့ဆုံရန် ရာခိုင်နှုန်းများနေဖြစ်ကြောင်း သိရသည်။

ကျော်လွင်