(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်ကစား

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်ကစား

နေပြည်တော် စက်တင်ဘာ ၂၅

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများကို  ယနေ့နံနက်   ဒေသစံတော်ချိန် ၉ နာရီတွင်   တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့ရှိ Xiaoshan Guali Sports Center အားကစားရုံ၌  ကျင်းပလျက်ရှိသော ဝူရှူးအားကစားပြိုင်ပွဲတွင် မြန်မာအသင်းမှ မောင်စွမ်းရည်ထက်နိုင်က  ထိုက်ချိချွမ်+ ထိုက်ချိကျန့်ပြိုင်ပွဲတွင်    နိုင်ငံအလိုက်အဆင့်(၁၇)ရရှိခဲ့ပြီး  ဆုတံဆိပ်နှင့်လွဲချော်ခဲ့သည်။ ပြိုင်ပွဲစည်းကမ်း သတ်မှတ်ချက်အရ  နံနက်ပိုင်းတွင် ထိုက်ချိချွမ်ပြိုင်ပွဲနှင့် ညနေပိုင်းတွင် ထိုက်ချိကျန့်ပြိုင်ပွဲတို့အား နှစ်ခုပေါင်းမှ ဆုတံဆိပ်တစ်ခု ချီးမြှင့်ပေးအပ်ခြင်းဖြစ်သည့် အတွက် မောင်စွမ်းရည်ထက်နိုင်က  နိုင်ငံအလိုက် အဆင့်(၁၇)ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် လွဲချော်ခဲ့ရပြီး အိမ်ရှင်တရုတ်နိုင်ငံက ပထမ၊ ဖိလစ်ပိုင်နိုင်ငံက ဒုတိယနှင့် ကိုရီးယားနိုင်ငံက တတိယ အသီးသီးရရှိသည်။

မြန်မာနိုင်ငံမှ ဝူရှူးအားကစားနည်းတွင် အမျိုးသားနှစ်ဦး၊ အမျိုးသမီးသုံးဦး စုစုပေါင်း ငါးဦး ဝင်ရောက်ယှဉ်ပြိုင်နေပြီး စက်တင်ဘာ ၂၆ ရက်(ယနေ့) နံနက် ၁၀ နာရီတွင် ဝူရှူးအားကစားနည်းမှ မအေးသစ္စာမြင့်က နန်းချွမ် ခေါ်  တောင်ပိုင်းလက်သိုင်းနှင့် နန်းသောင်း ခေါ် တောင်ပိုင်းဓားသိုင်းပြိုင်ပွဲ အမျိုးအစားဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး တိုက်ကွမ်ဒိုအားကစားနည်းမှ မမိုးမြင့်မြတ်(-53 Kg) ပြိုင်ပွဲတို့ အသီးသီး ဆက်လက်ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း သိရသည်။    

ကျော်လွင်