တိရစ္ဆာန်အစာအိတ်များတွင် မြန်မာစာဖြင့် ဖော်ပြရမည့် အချက်များ ပါ မပါ စစ်ဆေးခြင်းကို ဒီဇင်ဘာလတွင် စတင်မည်

ပြည်တွင်းမှ တိရစ္ဆာန်အစာထုတ်လုပ် သည့် ကုမ္ပဏီများအနေဖြင့် အစာထုတ်လုပ်ရောင်းချရာတွင် တိရစ္ဆာန် အစာအိတ်များ၌  မြန်မာစာဖြင့် ဖော်ပြရမည့်အချက်များ ပါ၊ မပါ စစ်ဆေးခြင်းကို ဒီဇင်ဘာလတွင်  စတင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ (၁) ဒေါက်တာကျော်ထင်၏ ပြောဆိုချက်အရ သိရသည်။

တိရစ္ဆာန်အစာအိတ်တွေမှာ ဖော်ပြရမယ့် အချက်တွေမှာ မြန်မာစာနဲ့ ဖော်ပြမယ့် အချက်တွေပါရမယ်။ ဥပမာ- အစာတစ်မျိုး ဆိုရင်  အစာရဲ့  Logo၊ ကုတ်နံပါတ်တွေ ကို မြန်မာလိုဖော်ပြစရာမလိုဘူး။ အသားတိုး ကြက်စာဆိုရင်  အသားတိုး ကြက်စာ  အဲဒီလိုဖော်ပြထားဖို့လိုတယ်။ ပါဝင်မှုကိုလည်း ဖော်ပြဖို့လိုတယ်။ ဥပမာ-ပရိုတင်းက  ဘယ်လောက်၊   ကာဗိုဟိုက်ဒြိတ်က ဘယ်လောက်၊   နောက်ပြီး   သက်တမ်းကုန်ဆုံးရက်ကိုလည်း   ဖော်ပြဖို့လိုတယ်။ ဒါ့ပြင်  ပဋိဇီဝဆေး ထည့်ထားတယ်ဆိုရင် ဖော်ပြပေးဖို့လိုတယ် ဟု  ဒေါက်တာ ကျော်ထင်ကပြောသည်။

ပြည်တွင်း   မွေးမြူရေးလုပ်ငန်းများအတွက်     တိရစ္ဆာန်အစာအများစုကို  ပြည်တွင်း၌သာ ထုတ်လုပ်ပြီး အစာထုတ် လုပ်ရန်  ကုန်ကြမ်းကို ပြည်ပနိုင်ငံများမှ တင်သွင်းကြောင်း  သိရသည်။ 

ဆုလာဘ်