အာရှအားကစားပြိုင်ပွဲတွင် မြန်မာမြားပစ်အသင်း ပြိုင်ပွဲအမျိုးအစားသုံးမျိုးယှဉ်ပြိုင်မည်

အာရှအားကစားပြိုင်ပွဲတွင် မြန်မာမြားပစ်အသင်း ပြိုင်ပွဲအမျိုးအစားသုံးမျိုးယှဉ်ပြိုင်မည်

နေပြည်တော် စက်တင်ဘာ ၂၆

တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ ကျင်းပလျက်ရှိသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင်  မြန်မာ မြားပစ်အသင်းသည် ပြိုင်ပွဲအမျိုးအစားသုံးမျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။                           

အာရှအားကစားပြိုင်ပွဲ၏ မြှားပစ်အားကစားနည်းတွင် ပြိုင်ပွဲအမျိုးအစားဆယ်မျိုး ထည့်သွင်းကျင်းပ မည်ဖြစ်ပြီး မြန်မာမြှားပစ်အသင်းအနေဖြင့် Recurve အမျိုး သားတစ်ဦးချင်းပြိုင်ပွဲ၊  Recurve အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲနှင့် Recurve အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲများ ယှဉ်ပြိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။ မြန်မာမြှားပစ်အသင်းသည် Compound အား ကစားနည်းအား (၁၈)ကြိမ် မြောက် အာရှအားကစားပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့သော်လည်း (၁၉)ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ကစားမည်မဟုက်ပါ။ မြန်မာမြှားပစ် အသင်းမှာ (၁၉)ကြိမ် မြောက် အာရှအားကစားပြိုင်ပွဲ၏ မြှားပစ်အားကစားနည်း ပြိုင်ပွဲအမျိုးအစားသုံး မျိုးအတွက် အုပ်ချူပ်သူ/နည်းပြတစ်ဦး၊ အမျိုးသားအားကစားသမားတစ်ဦးနှင့် အမျိုးသမီးအားကစား သမားတစ်ဦး စုစုပေါင်းသုံးဦးသွားရောက် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

(၃၂)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ၌ မြားပစ်အားကစားနည်းမှာ ဝင်ရောက်ယှဉ်ပြိုင်ရခြင်းမရှိဘဲ ယခုပြိုင်ပွဲမှ ယှဉ်ပြိုင်ခြင်းဖြစ်ပြီး မြှားပစ်အားကစားအားယခင်နှစ် သြဂုတ်လမှ စခန်းသွင်း လေ့ကျင့်မူ များ ပြုလုပ်ခဲ့ပြီး လစဉ်အလိုက် လက်ရည်ဆန်းစစ်ပြိုင်ပွဲများ ပြုလုပ်ပြီး ပြိုင်ပွဲအား သွားရောက်ယှဉ်ပြိုင် ကစားခြင်းဖြစ်ပြီး အောက်တိုဘာ ၁ ရက် မှစတင်ကာ Recurve အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်လွင်