ချယ်လ်ဆီးအသင်းတိုက်စစ်မှူး နီကိုလတ်ဂျက်ဆန် အက်စ်တွန်ဗီလာအသင်းနှင့်ပွဲစဉ်တွင် အဝါကတ် ပြသခံရခြင်းကြောင့် တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရ

ချယ်လ်ဆီးအသင်းတိုက်စစ်မှူး နီကိုလတ်ဂျက်ဆန် အက်စ်တွန်ဗီလာအသင်းနှင့်ပွဲစဉ်တွင် အဝါကတ် ပြသခံရခြင်းကြောင့် တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရ

လန်ဒန်၊ ဘောလုံး

ချယ်လ်ဆီးအသင်းတိုက်စစ်မှူး နီကိုလတ်ဂျက်ဆန်သည် အက်စ်တွန်ဗီလာအသင်းနှင့် ချယ်လ်ဆီး အသင်းတို့ ကစားသည့်ပွဲစဉ်တွင် အဝါကတ်ပြသခံရသည့်အတွက် တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရကြောင်း   သိရ သည်။

အသက် ၂၂  နှစ်အရွယ်  နီကိုလတ်ဂျက်ဆန်သည် ပြီးခဲ့သည့်နွေရာသီ   ကစားသမား အပြောင်းအရွှေ့ ကာလက ဗီလာရီးယဲလ်အသင်းမှ ချယ်လ်ဆီးအသင်းသို့  ပြောင်းရွှေ့ကစားခဲ့ပြီး  အသင်းတွင် ခြေစွမ်းပြ နိုင်ရန် ရုန်းကန်နေရသူဖြစ်သည်။

ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ်ကစားခဲ့သည့် ချယ်လ်ဆီးအသင်းက အက်စ်တွန်ဗီလာအသင်းကို အိမ်ကွင်း တွင် ၁ ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့်သည့်ပွဲစဉ်တွင် နီကိုလတ် ဂျက်ဆန်သည် ပွဲချိန်မိနစ် ၅၀ တွင် ပြိုင်ဘက် ကစားသမားကို ဘောလုံးဖျက်ထုတ်ပုံ ကြမ်းတမ်းသည့်အတွက် ကွင်းလယ်ဒိုင်လူကြီး ဂီးလက်က အဝါကတ် ပြသခဲ့ရာ နီကိုလတ်ဂျက်ဆန်အနေဖြင့် တစ်ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံရခြင်း ဖြစ်သည်။

နီကိုလတ်ဂျက်ဆန်သည် ယခုဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းနှင့်အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်ခြောက်ပွဲကစားရာ အဝါကတ် ငါးကြိမ်ပြည့် မြောက်သည့်အတွက် တစ်ပွဲပယ် ပြစ်ဒဏ် ချမှတ် ခံရခြင်းဖြစ်သည်။ ထို့ကြောင့် နီကိုလတ်ဂျက်ဆန်အနေဖြင့် အောက်တိုဘာ ၃ ရက်တွင်ကစားမည့် လန်ဒန်ဒါဘီ ပွဲစဉ်ဖြစ်သည့် ဖူလ်ဟမ်အသင်းနှင့် ကစားမည့်ပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။

Ref;Sky Sports