အာဆင်နယ်အသင်းအိမ်ကွင်း၌ တစ်ပွဲတည်းနှစ်ဂိုးသွင်းယူနိုင်သည့် ဒုတိယမြောက် ကစားသမားအဖြစ် ဆွန်ယောင်မင်မှတ်တမ်းဝင်

အာဆင်နယ်အသင်းအိမ်ကွင်း၌ တစ်ပွဲတည်းနှစ်ဂိုးသွင်းယူနိုင်သည့် ဒုတိယမြောက် ကစားသမားအဖြစ် ဆွန်ယောင်မင်မှတ်တမ်းဝင်

လန်ဒန်၊ ဘောလုံး

လန်ဒန်ဒါဘီပွဲစဉ်အဖြစ် ကစားသည့် အာဆင်နယ်အသင်းနှင့် စပါးအသင်းတို့ပွဲစဉ်တွင် စပါးအသင်း အတွက် ဆွန်ယောင်မင်က နှစ်ဂိုးသွင်းယူပြီးနောက် စပါးအသင်းသမိုင်းတစ်လျှောက် အာဆင်နယ် အသင်း အိမ်ကွင်း၌ တစ်ပွဲတည်းနှစ်ဂိုး သွင်းယူနိုင်သည့် ဒုတိယမြောက်ကစားသမားအဖြစ် မှတ်တမ်း ဝင်ခဲ့ကြောင်း သိရသည်။

အာဆင်နယ်အသင်းနှင့် စပါးအသင်းတို့ နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်သည့်ပွဲစဉ်တွင် ဆွန်ယောင်မင် က  အကောင်းဆုံး ခြေစွမ်းပြနိုင်ပြီး ပွဲချိန် ၄၂ မိနစ် နှင့် ၅၅ မိနစ်တို့တွင် အသင်းအတွက် နှစ်ဂိုးသွင်းယူပြီး နောက် အဆိုပါပွဲစဉ်၏ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရသည်။

အသက်  ၃၁  နှစ်အရွယ်  ဆွန်ယောင်မင်သည် ၂၀၁၅   ခုနှစ်က  လေဗာကူဆင်အသင်းမှ   စပါး အသင်းသို့    ပြောင်းရွှေ့ကစားပြီးနောက် အသင်းနှင့် ဘောလုံးရာသီတိုင်းတွင် အကောင်းဆုံးခြေစွမ်း ပြနေသူဖြစ် သည်။

ဆွန်ယောင်မင်သည် အစောပိုင်းနှစ်များက အသင်း တိုက်စစ်ပိုင်းတွင် ဟယ်ရီကိန်းနှင့် အကောင်းဆုံး တွဲဖက်ကစားနိုင်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အကောင်းဆုံးတိုက်စစ်အတွဲများတွင် တစ်တွဲအဖြစ် ရပ်တည်နိုင်ကာ ယခုဘောလုံးရာသီတွင် စပါးအသင်းမှ ဟယ်ရီကိန်း ပြောင်းရွှေ့သွားသော်လည်း   အသင်းကို အကောင်းဆုံး ဦးဆောင်လျက်ရှိနေသူ ဖြစ်သည်။

စပါးအသင်းသမိုင်းတစ်လျှောက် အာဆင်နယ် အသင်းအိမ်ကွင်း၌ တစ်ပွဲတည်း နှစ်ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် ၁၉၉၃ ခုနှစ်က ဂျက်ဟင်ဒရီက မှတ်တမ်းဝင်ခဲ့ပြီး ယခုအခါ ဆွန်ယောင်မင် က ဒုတိယမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ထို့ပြင် ဆွန်ယောင်မင်သည် စပါးအသင်းနှင့် အတူ ပြိုင်ပွဲစုံ သွင်းဂိုး ၁၅၀ ပြည့်မြောက်ပြီးနောက် အသင်းသမိုင်းတစ်လျှောက်တွင် သွင်းဂိုး ၁၅၀ ပြည့် မြောက်သည့် ခြောက်ဦးမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

Ref;Opta