ဖိလစ်ပိုင်က AI သတင်းကြေညာသူကို စတင်အသုံးပြု

ဖိလစ်ပိုင်က AI သတင်းကြေညာသူကို စတင်အသုံးပြု

မနီလာ၊ နည်းပညာ

ဖိလစ်ပိုင်နိုင်ငံရှိ အကြီးဆုံးရုပ်သံလိုင်း တစ်ခုဖြစ်သော GMA Integrated News က ၎င်းတို့၏ အားကစားသတင်းထုတ်လွှင့်မှုတွင် AI သတင်းကြေညာသူကို ပထမဆုံးစတင် အသုံးပြုလိုက်ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံ၏ နာမည်ကျော်အနုပညာရှင်များနှင့် အားကစားသတင်း တင်ဆက်သူများ၏ ရုပ်ပုံများကို ရောနှောပေါင်းစပ်ထားသည့် မိုင်ယာနှင့်မာကိုအမည်ရှိ AI သတင်းကြေညာသူကို စက္ကန့် ၄၀ ကြာမြင့် သည့် အားကစားသတင်းကြေညာမှုတွင် ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့  AI  သတင်းကြေညာသူများကိုအသုံးပြုခြင်းသည် သတင်းပိုင်းဆိုင်ရာ နယ်ပယ်တွင် ဆန်းသစ် တီထွင်မှုများ လုပ်ဆောင်သွားမည်ဟူသော ၎င်းတို့ပေးထားသည့် ကတိကို ဖြည့်ဆည်းပေးခြင်း ဖြစ်ကြောင်း သတင်းဌာနမှ အကြီးတန်းဒုတိယဥက္ကဋ္ဌ   အိုလီဗာဗစ်တာအာမိုရိုဆိုက ပြောသည်။

အဆိုပါ ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ အလုံးစုံအကောင်းမြင်သူရှိသော်လည်း ဝေဖန်သူများလည်း ရှိသည်။ အထူးသဖြင့် AI သတင်းကြေညာသူများသည် မျက်နှာသေနှင့်ဖြစ်နေပြီး အသက်ပါခြင်း မရှိသောကြောင့်  အားကစားသတင်းများကဲ့သို့ စိတ်လှုပ်ရှားရသည့် သတင်းများမှာ ၎င်းတို့ကြေညာသည် နှင့် စိတ်လှုပ်ရှားမှုမရှိတော့ကြောင်း ဝေဖန်ထားခြင်း ဖြစ်သည်။

Ref: TST